အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

GW မှ ပညာရှင်များခင်ဗျာ စပါးသီးနှံမှာ ပေါင်းသတ်ဆေးသုံးလိုက်လို့စပါးအနဲအငယ်နာသွားပါတယ် တပတ်ကျော်လောက်အကြာမှာ ပု...

GW မှ ပညာရှင်များခင်ဗျာ စပါးသီးနှံမှာ ပေါင်းသတ်ဆေးသုံးလိုက်လို့စပါးအနဲအငယ်နာသွားပါတယ် တပတ်ကျော်လောက်အကြာမှာ ပုလဲကျွေးလိုက်ပါတယ် စပါးနာထားတဲ့နေရာတေကိုပိုဖိပြီးပက်လိုက်တာပေါ့ စပါးကအရောင်တော့တက်လာပါတယ် ခုရက်ပိုင်းမိုးမရွာတာလေးရက်နီးပါးရှိတဲ့အခါမှာတော့ရွက်ဖုံးခြောက်ရောဂါ ဝင်လာ ပါတယ် ။မေးချင်တာက ပုလဲပမာနများများကျွေးမိတာရယ် အစိုဓာတ်မရှိသလောက်ဖြစ်သွားတာရယ်က ရောဂါဝင်ရောက်လာစေတာလားခင်ဗျာ။အခြားဘာကြောင့်များဖြစ်နိုင်သေးလဲဆိုတာရှင်းပြပေးစေလိုပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ အများအားဖြင့်တိမ်ထူထပ်ပြီး မိုးဖွဲဖွဲရွာ
စိုက်ပျိုး ဗဟုသုတ စပါး စပါးမြေသြဇာကျွေးနည်း

ဖြေကြားချက် ၂ ခု

2,044 လွန်ခဲ့သော ၄ နှစ် က

မြေဩဇာလောင်တာလည်းဖြစ်နိုင်ပါတယ်

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

ဒီဖြစ်စဥ်မှာ၊ ​ပေါင်းသတ်​ဆေး​ကြောင့်အပင်နာတာရယ်၊ အနာ​ပေါ် ပုလဲထိလို့ ပိုနာတာရယ်၊ ​မြေကြီးထဲက အသင့်ရှိပြီးသားမှို​ရောဂါရယ်၊ ၃ မျိုး ​ပေါင်းစပ်လို့ ပိုးဆိုး​စေတာပါ။ အလားတူ ဖြစ်စဥ်မျိုး, ဧရာဝတီတိုင်း ဒီ​ရေတက်​ဒေသ စပါးခင်းမှာ၊​ပေါင်းသတ်​ဆေးဖျန်းတယ်(အပင်​ကောင်း ​ပေါင်း​သေ ပက်တယ်) ​ရေ မတက်ဘဲ ကြာ​နေတဲ့ စပါးခင်း​တွေ ပင်​​ခြေပုပ်၊ ​အောက်လက်ဝါ​တွေ ဖြစ်တာ​တွေ့ဖူးပါတယ်။ ဆိုလိုတာက ​မေးခွန်းရှင် ​မေးထားတဲ့အထဲမှာ အ​​ဖြေပါပြီးသားပါ။ မှန်ကန်​ကြောင်း ​ထောက်ခံ​ပေးတာပါ။

You

ဆက်စပ်မေးခွန်းများ

နေပူအရမ်းပြင်းတော့ လယ်ထဲကရေပါတော်တော်ပူပါတယ် မြေသြဇာကျွေးလို့အဆင်ပြေနိုင်ပါသလား ကျွေးရမည့်အချိန်ဟာ မနက်သို့မ...

ဖြေကြားချက် 4 ခု

စပါးတစ်ဧကအတွက် ကျောက်မှုန့်ဘယ်လောက်ထည့်ပေးရပါသလဲခင်ဗျာ

ဖြေကြားချက် 5 ခု

စပါးအတွက်ရွန်းဖျန်းပီအာဟာရဖြည့်တာကရာခိုင်နူန်းဘယ်လောက်ထိစားနိူင်လဲအမြစ်ကိုမြေဩဇာကျွေးတာကရာခိုင်နူန်းဘယ်လောက်စာ...

ဖြေကြားချက် 1 ခု

ယခင်နှစ်က၁ကျိုး N46 ၄ပိဿာကျွေးခဲ့ပါသည် ယခုနှစ် N46 ၁.၅ပိဿာ.15r ၁ပိဿာ နွားချေးမှုန်.၃ပိဿာကို တစ်ညနှပ်၍ကျွေးပါက...

ဖြေကြားချက် 1 ခု

စပါးမှို့ကပ်ချိန်မှာပုလဲနှင့်ပိုတက်ကျွေးရမဲ့နေရာမှာလေဆာအမှတ်တံဆိပ်သဘာဝမြေသြဇာကိုထည့်လို့ရပါသလားထည့်လို့ရရင်ဘယ်...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။