အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,050
လွန်ခဲ့သော ၄ နှစ် က · ချမ်းမြသာစည်

လယ်သည် စိုက်ပျိုးရက် (၁၅)ရက် ရှိပါပြီ စိမ်းတက်မလာဘဲ ယခုအခြေအနေတွင် မည်သို့ဆက်လက်ဆောင်ရွက်ရမည်နည်း?မြေဆီအသုံး...

လယ်သည် စိုက်ပျိုးရက် (၁၅)ရက် ရှိပါပြီ စိမ်းတက်မလာဘဲ ယခုအခြေအနေတွင် မည်သို့ဆက်လက်ဆောင်ရွက်ရမည်နည်း?မြေဆီအသုံးပြုရာတွင် ပုံပါမြေဆီကို အသုံးပြုလျှင် အဆင်ပြေ/မပြေလည်း ဖြေကြားပေးစေချင်ပါတယ်ဆရာ။

Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၅ ခု

1,050 လွန်ခဲ့သော ၄ နှစ် က

အခုလိုဖြေကြားပေးကြတဲ့အတွက် ကျေးဇူးပါ။

5,865 လွန်ခဲ့သော ၄ နှစ် က

မြေသြဇာထက်နွားချေးကိုပိုထည့်ပေးပါခင်ဗျားကျနော်တို့အခေါ်လယ်စိုက်ခါနီးလယ်ဟေးတာပေါ့နောရေထဲမှာမဟုတ်ရင်မြေထည်တာပေါ့အဲလိုလယ်ဟေးတဲ့အချိန်ရေသွင်းရင်တော်ရုံဟေးလို့ကောင်းရုံလောက်သာဟေးပါနွားချေးကိုအနှံ့ပက်ပါပီးကျမှစိုက်စိုက်ပီးလို့တလအကြာမှာမြေသြဇာတအိတ်ကိုပက်ပေးရပါတယ်ကျနော့်လယ်ကအလျားပေနှစ်ဆယ်အနံပေသုံးဆယ်ရှိတဲ့လယ်11ကွက်ပါခင်ဗျားစိမ်းလာပါလိမ့်မယ်

117 လွန်ခဲ့သော ၄ နှစ် က

ဂျူမှုံပုလဲ N 45တစ်အိတ် နဲ့ 15 ပက်လည်တစ်အိတ်နှုန်းကို ရောပြီးကြွေးပါ ။

4,643 လွန်ခဲ့သော ၄ နှစ် က

နိုက်ထရိုဂျင်နဲ့ဆာလဖာပါတဲ့ဓာတ်မြေသြဇာကျွေးပေးပါ။ရေ လေးလက်မခန့်ထားပေးပါ။အစင်ပြေပါစေဗျာ။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

အဆင်မ​ပြေနိုင်​လောက်ပါဘူးခင်ဗျာ။ စပါးက နိုက်ထရိုဂျင် အဓိက စားရပါတယ်။(လိုအပ်ပါတယ်) အခု ပုံပါ​မြေဆီမှာ နိုက်ထရိုဂျင်မပါလို့ အပင်စိမ်းဖို့ (ဖြစ်ထွန်းဖို့) အခင့်အ​ရေးနည်းပါတယ်။

You

ဆက်စပ်မေးခွန်းများ

စပါးခင်း သက်တမ်း၂လခွဲရှိပြီ စပါးလုံးတော့မယ် အသီးနဲ့အပွင့် အားကောင်းအောင် ဓာတ်မြေဩဇာကျွေးချင်လို့ ဘယ်အချိုး...

ဖြေကြားချက် 2 ခု

ထရွန်စဖေါင်းရွက်ျဖျန်းမြေဩဇာကို စပါးမှာသုံးဖူးရင် ကောင်း/မကောင်းသိရင်ပြောပြကြပါခင်ဗျာ။

ဖြေကြားချက် 3 ခု

စပါးပင် ဆယ်ရက်သားမှာပုံပါအတိုင်းဖြစ်လာပါတယ်။ရောဂါလား။ပိုးလား‌။ဘာကြောင့်ဖြစ်တာကို ပြောပြပေးပါခင်ဗျာ။

ဖြေကြားချက် 2 ခု

NPKမှာPနဲ့Kက ဘာအကျိုးအာနိသင်ရှိပါသလဲဗျ သေသေချာချာ အသေးစိတ်မသိလို့ပါ မျှဝေပေးပါဗျ

ဖြေကြားချက် 2 ခု

စပါးတစ်ရာသီမှာရွှေနဂါးပုလဲသာတစ်မျိုးထဲသုံးလို့ရပါသလား အခြားcompound တွေသုံးရဦးမှာလား

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။