အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,754
လွန်ခဲ့သော ၄ နှစ် က

ကျနော် မိုးဦးမြေပဲစိုက်ပီးတဲ့ ယာခင်းကို ပဲစိုက်ချင်တာ ဘာပဲမျိုးက စျေးကွက်နဲ့ အဆင်ပြေနိုင်မလည်း ဆရာ ။ ကျနော်...

ကျနော် မိုးဦးမြေပဲစိုက်ပီးတဲ့ ယာခင်းကို ပဲစိုက်ချင်တာ ဘာပဲမျိုးက စျေးကွက်နဲ့ အဆင်ပြေနိုင်မလည်း ဆရာ ။ ကျနော် ဆောင်းမြေပဲစိုက်ရင် နှစ်တိုင်း မြေပဲ၂လခွဲလောက်ဆို ရွက်ပြောက်ရောဂါ စ ကျရော ၃လခွဲမှ နုတ်မယ်ဆို ရိုးတံပဲကျံပီး မြေပဲအစေ့အဆံမအောင်ဘူးဆရာ။ အ့ကြောင့် ၃လကျော်လေးဆို နုတ်ရတာ။မနှစ်ကဆို မှိုဆေးကို တကြိမ်ဖျန်းတာမရဘူး ဆရာ ဒါကြောင့် ကျနော် သည်နှစ် မှာ မြေပဲရွက်ပြောက်ရောဂါမကျအောင် ဘယ်ဆေးအုပ်စုကို အသုံးပြုသင့်ပါသလဲ၊ဘယ်အချိန်မှာ သုံးသင့်သလဲ၊ဘယ်နကြိမ်ဖျန်းမှ ပျောက်ကင်းမှာဘာလဲဆရာ။ (လူးနယ်ဆေးလည်း နှစ်တိုင်းသုံးပါတယ်)

စိုက်ပျိုး ဗဟုသုတ မြေပဲ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

​ကော့ပါး, မင်ကိုဇက် တို့ဆိုတာ ထိ​သေ မှိုသတ်​ဆေး​တွေပါ။ ကာကွယ်ဖို့အတွက် အသုံးပြုရတယ်၊ ကုသဖို့အတွက် ထိ​ရောက်မှုနည်းပါတယ်။

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

မိုးဦးမြေပဲအပြီး ယာခင်းအား ပဲစိုက်မည်ဆိုပါလျင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲယဉ်းနီ တို့အား စိုက်ပျိုး၍ ရနိူင်ပါတယ်။ သတိပြုရန်မှာ ပဲယဉ်းနီသည် ရာသီလိုက်၍ ဇန်နဝါရီ ၁၅ နောက်ပိုင်းမှ ရိတ်သိမ်းရ၍ မိမိ၏ မြေအခြေအနေ၊ စိုက်ခင်း လုံခြုံရေးတို့အား လေ့လာသုံးသပ်ရန် လိုအပ်ပါတယ်။

2,754 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါဆရာ ကော့ပါးအောက်ဇီကလိုရိုက်၊မက်ကိုဇက် ကော သုံးလို့ရလား ကျနော် ငရုတ်ခင်း အတွက်လည်းသုံးချင်လို့ပါဆရာ ဒါမဟုတ် ဆရာပြောတဲ့ ဆေးအုပ်စုတေက ငရုတ်ခင်းအတွက်သုံးလို့ရလားဗျ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

မှို​ဆေးကို အနည်းဆုံ၂ကြိမ်ဝင်​ပေးပါ။ ၁လသားတကြိမ် နဲ့ ရက်၄၅-၅၀ရက်သား၁ကြိမ် ဖျန်းပါ။ ပရိုပီကိုနာဇိုး ​လောက်ဆို ရပါတယ်။ အဇိုဇီစထိုဘင် လည်း​ကောင်းပါတယ်။ ​မြေပဲခင်း ပြီးရင် ​ဆောင်းသီးနှံ ပဲတီ/မတ်ပဲ ​ကောင်းပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။