ဖြေကြားချက် ၂ ခု
များလေကောင်းလေ
သဘာဝမြေသြဇာကို ဘယ်လိုသုံးရသလဲ။ တဧက ဘယ်လောက်ထည့်ရသလဲ..လို့မေးလာတဲ့ ..စိုက်ပျိုးရေးသမား တောင်သူဦးကြီးခင်ဗျား။ သဘာဝမြေသြဇာဟာ ဓါတ်မြေသြဇာကဲ့သို့ ဓါတ်ပြုမမြန်လို့.. မြေခံမှာ မစိုက်မီကြိုထည့်ရပါတယ်။ တဧကကို ရှေးအဆိုအရ လှည်း ၁၀စီး-၁၅စီးအနည်းဆုံး။ ထည့်ရပါတယ်။ အောက်ခံမြေဆီလွှာနဲ့ ရောသမမွှေနိုင်လေ၊ပိုအကျိုးရှိလေပါဘဲ။ မြေကြီးထဲက အကျိုးပြု မိုက်ခရုပ်လေးတွေ များများရှင်သန်အောင် လုပ်ပေးရတာပါ။ သူတို့လေးတွေ ပွားများမှ အပင်အတွက် အစာတွေက်ု အမြစ်က စားနိုင်လို့ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကလော်ငရုတ်အတွက် အားဆေးလေး ဖျန်းချင်လို့ပါ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်စနစ်နဲ့ တီထွင်ပြုလုပ်လို့ရမယ့် အားဆေးလေး...
ဖြေကြားချက် 1 ခု
သံပုရာသီးကို ရွက်ဖြန်း ဘာမြေသြဇာလုပ်လို့ရလဲခင်ဗျ စပါး သို့မဟုတ် မြေပဲ
ဖြေကြားချက် 2 ခု
မတ်ပဲ ပဲတီစ်မ်းအတွက် ရွက်ဖျန်းအော်ဂဲနစ်မြေသြဇာပြုလုပ်ချင်ပါတယ် နည်းလမ်းသိပါရစေ
ဖြေကြားချက် 2 ခု
ငှက်ပျောပင်စည်ပြာသုံးချင်ပါတယ်ဘယ်လိုပြုလုပ်ရမလဲဗျ
ဖြေကြားချက် 1 ခု
သဘာဝမြေသြဇာအမှုန့်ကို စပါးခင်ထဲပက်ရတာ အမှုန့်ဆိုတော့ ပက်ရတာလိုတာကိုသိပ်ပြီးခရီးမရောက်ဘူး ပုလဲလိုအလုံးလေးတွေ...
ဖြေကြားချက် 3 ခု