အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,392
လွန်ခဲ့သော ၄ နှစ် က · လက်ပံတန်း

တမာရှကျမီသနော လုပျနညျးလေးေွပါွပါ

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

♥ တမာရွက်စစ်ကျရည်(တမာရွက်မီသနော) ပြုလုပ်နည်းအား မေးမြန်းပေမဲ့ အသုံးပြုနည်းနှင့် နှိမ်နင်းနိူင်သော ပိုးမွှားများ အကြောင်းကိုလည်း ဖြေပေးပါမည်။ တမာရွက်စစ်ကျရည်(တမာရွက်မီသနော) ပြုလုပ်မည်ဆိုလျင် တမာရွက်များကို ပန်းမပွင့်မီတွင် အသုံးပြုသင့်သည်။ ထိုစစ်ကျရည်သည် အရွက်၌ ကျရောက်တတ်သည့် အရွက်စားခူ၊ ဖိုးလမင်းကျိုင်း၊ နှံကောင်နှင့် ဖြုတ်ပိုးများ အတွက် ထိရောက်သည်။ ရေတစ်ဂါလံလျှင် လတ်ဆတ်သော တမာရွက် (၆၀) ကျပ်သား လိုအပ်ပါသည်။ တမာရွက်များကို နှုပ်နှုပ်စဉ်း၍ ရေတွင် တစ်ည စိမ်ပြီး စစ်ကျရည်ကို ယူပါ။ အရည်တစ် ပုလင်းနှင့် ဆပ်ပြာရည် (၁၇) စက် နှုန်း ရော၍ ကပ်ဆေးအဖြစ် အသုံးပြု၍ ရပါတယ်။ အရွက်ပမာဏ လိုအပ်မှု များပြားလွန်းသဖြင့် (ဥပမာ- တစ်ဧလျှင် ၂၀ ပိသာ) ဤ ဆေးနည်းကို ပျိုးခင်းများနှင့် အိမ်နောက်ဖေး ဟင်းသီးဟင်းရွက်ခင်းများ အတွက်သာ သုံးသင့်ပါသည်။ ♥ ခရမ်းချဉ်တွင် ကျသော ယင်ဖြူ နှင့် ပျပိုးများအတွက် အသုံးပြုရန် အချိုးအစားမှာ- ထောင်းထားသော တမာရွက် (၁၂၀)ကျပ်သား၊ ဆပ်ပြာ (၁.၅) ကျပ်သား ရော၍ အသုံးပြုနိူင်ပါသည်။ ♥ အရောအနှောကို ရေတွင် တစ်ညစိမ်ပါ။ (တစ်ည ရေစိမ်ခြင်းသည် မစိမ်ဘဲ သုံးခြင်းထက် ပို၍ထိရောက်သည်) နောက်တစ်နေ့တွင် စစ်ကျရည်ကို စစ်ယူပါ။ စစ်ရည် တစ်ဂါလံကို (၄) ဂါလံထိ ရောက်အောင် ရေရောပါ။ ၎င်းသည် ခရမ်းချဉ် (ဝ.၁၀) ဧကစာ (သို့မဟုတ်) ပြောင်း (ဝ.ဝ၇) ဧက စာအတွက် ဖြစ်သည်။ ပက်ဖျန်းရာ၌ ခရမ်းချဉ် ပျိုးခင်းတွင် အညှောက်ပေါက်ပြီး (၄) ရက်တွင် လည်းကောင်း၊ နောက် (၈) ရက် ကြာတွင် လည်းကောင်း ဖျန်းရမည်။ ရွှေ့ပြောင်း စိုက်ပြီး နောက်တွင် ယင်ဖြူ (White Fly) များ ကာကွယ်နှိမ်နင်းရန် တစ်ပတ် လျှင် (၂-၄)ကြိမ်ထိဖျန်းပါ။ ပြောင်းသီးနှံတွင် ကျရောက်သော ပိုးနဂါး/ငမြှောင်တောင်များ၊ ဖြုတ်ပိုးများနှင့် ဖိုးလမင်း ပိုးတုံးလုံးများအတွက် တမာရွက်စစ်ကျရည် နှုန်းထားမှာ- တမာရွက် (၇ဝ-၁၂ဝ) ကျပ်သားကို ထောင်း၍ ရေအနည်းငယ်တွင် တစ်ည စိမ်ပါ။ ယင်းအရည်ကို စစ်ယူပြီး (၂-၂.၅) ဂါလံ ရအောင် ရေဖြည့်ပါ။ ယင်း ပမာဏသည် ပြောင်းခင်း (၁၀၀၀) စတုရန်းမီတာ (ဝ.၂၅ ဧက) ခန့်အတွက် လုံလောက်သည်။ ယင်း ဆေးရည်ကို ပက်ဖျန်း၍လည်းကောင်း၊ အပင်၏ လိုအပ်သော နေရာ၌ ထိစေခြင်းဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ ပိုးနဂါး/ငမြှောင်တောင် ကျသော ဧရိယာများ၌ နံနက်ခင်းတွင် ဖျန်းလျှင် နေ့လည်ခင်းတွင် ပိုးသေ၊ ဖိုးလမင်း၊ ပိုးတုံးလုံးများ နှိမ်နင်းရန်အတွက် ဆေးရည်ကို ပိုးကျနေသော အပင်၏ ခြေရင်းတွင် ပက်ဖျန်းပါ။ အကြံပြုချက်တစ်ခုမှာ- လတ်ဆတ်သော တမာရွက် (၂၀) ကျပ်သားနှင့် ရေ တစ်ပုလင်းနှုန်းဖြင့် ထုတ်လုပ်ထားသော စစ်ကျရည်သည် ပဲပင်များတွင် ကျရောက်သော သရစ်ပိုး၊ ပဲတောင့်ထိုးဖလံ၊ များအပြင် အမေရိကန် သီးလုံးဖောက်ပိုးအတွက်လည်း ထိရောက်ပါသည်။

1,392 လွန်ခဲ့သော ၄ နှစ် က

ေကျးဇူးပါဗျာ

9,446 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ဗျ၊ရိုးရှင်းတဲ့ပုံစံတစ်ခု ပြောပြပေးပါမယ်။တမာရွက်အစို(သို့)တမာသီးအစို/အခြောက် ၂၅ ကျပ်သားကို ငရုတ်ဆုံနဲ့ ညက်အောင်ထောင်းပြီး ရေ ၃လီတာဖြင့် ၂ရက်ခန့်စိမ်ထားပါ။ထို့နောက်အရည်ကို ရေစစ်ဖြင့်စစ်ချပါ။စစ်ကျရည်ကိုအရက်ပျံ ၁လီတာနှင့်ရောပြီး ၃ရက်ခန့်ထားပါ။ထို့နောက်စတင်အသုံးပြုနိူင်ပါပြီ။မနက်ခင်းနေအေးချိန်နှင့် ညနေခင်းနေအေးချိန်မှားတွင်အသုံးပြုက ပိုမိုထိရောက်သည်။ ရေလီတာ ၂၀ဆေးဖျန်းပုံတွင်း ၂၀ စီစီမှ ၁၀၀စီစီအထိ အပင်၏အနုအရင့်နှင့် ပိုကျရောက်မှုပေယ်မူတည်ပြီး လိုအပ်သလို အသုံးပြုနိူင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မြန်မာနိူင်ငံမာထုတ်လုပ်နေတဲတမာပိုးသတ်ဆေးကိုဘယ်မာ၀ယ်လိုရပါသလဲဗျသတိသူများဖြေပေးပါအုန်းခင်ဗျား

ဖြေကြားချက် 1 ခု

မတ်ပဲစိုက်ရမည့် အဂ်လိပ် လကို သိချင်ပါတယ်

ဖြေကြားချက် 2 ခု

ငါးအမိုင်နိုက ပတ်ပဲ မစိုက်ခင်မြေကြီးဖြန်းမယ်ဆိုရင် မကြဲခင်ဘယ်နှစ်ရက်လောက်မှကြိုဖြန်းသင့်သလဲ ခင်ဗျာ တစ်ဧက ဘယ်...

ဖြေကြားချက် 3 ခု

မတ်ပဲစတင်စိုက်ပျိုးသည်မှစ၍အပင်ငယ်။လတ်။ကြီးတို့တွင်သုံးစွဲရမည့်အားဆေးAI နှင် မှိုဆေးAI ပိုးသတ်ဆေးAI အကြောင်းလေး...

ဖြေကြားချက် 1 ခု

မတ်ပဲ ၊ပဲတီစီမ်းတို့ကိုမီဖိုပြာကိုရေဖျော်ဖြန်းလို့ရလားခဗျာရရင်ဖျော်ပုံရယ်ထဲ့ရမည့်ပါမာနရယ်ဖြန်းရင်အပင်ကောင်းတာ...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။