ကျနော် မေးခွန် မေးခွင့်ပြုပါ နွားငယ်းလေးတွေ ပေါင်ပုပ် လက်ပုပ်... ရောဂါဝင်နေလို့...ဘယ်လို ကာကွယ်ဆေး သုံးရမလဲ? ဆ...
ကျနော် မေးခွန် မေးခွင့်ပြုပါ နွားငယ်းလေးတွေ ပေါင်ပုပ် လက်ပုပ်... ရောဂါဝင်နေလို့...ဘယ်လို ကာကွယ်ဆေး သုံးရမလဲ? ဆရာတို့
ကျနော် မေးခွန် မေးခွင့်ပြုပါ နွားငယ်းလေးတွေ ပေါင်ပုပ် လက်ပုပ်... ရောဂါဝင်နေလို့...ဘယ်လို ကာကွယ်ဆေး သုံးရမလဲ? ဆရာတို့
ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးကို ကျွဲ၊နွား အသက် ၆လကနေ စပြီး တိမွေးကုဆရာဝန် နဲ့ထိုးလို့ရပါတယ်။ ကျွဲ နွား ကူးစက်ရောဂါကာကွယ်ဆေးများ ပုံမှန်ထိုးနှံရေး နှိုးဆော်ချက် စာတန်းလေးကိုနှိပ်ပီးလေ့လာလို့ရပါတယ်
ပေါင်ပုပ်၊ လက်ပုပ် ရောဂါဆိုသည်မှာ နွား၏ ပေါင်ရင်း၊ လက်ရင်းများ၌ ရောင်ပြီး ပုပ်လာသည့်ရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါဖြစ်သည့်နေရာကို လက်ဖြင့် ဖိကြည့်လျှင် ပျော့နေပြီး အသံတိုးတိုးလေးမြည်ပါသည်။ ၎င်းရောဂါသည် တစ်ကမ္ဘာလုံးမှ ကျွဲ၊ နွားများတွင်လည်း ဖြစ်တတ်သည့် ရောဂါဖြစ်သည်။ အချို့ဒေသများ၌ ပေါင်ကြီးနာ၊ ကျိတ်နာ၊ တင်းပါးနက်နာ၊ ဆွေးနာ ဟု အမျိုးမျိုး မှည့်ခေါ်ကြပါသည်။ ပေါင်ပုပ်၊ လက်ပုပ် ရောဂါဟုသာ လူသိများပါသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်းများ ၎င်းရောဂါသည် ကလော့စထရီးယံချိုဗွိုင်းရောဂါပိုး၊ ဗက်စီးလပ်စ်ချိုဗွိုင်းရောဂါပိုးကြောင့် ဖြစ်ရသည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန်များ ပြောပြသဖြင့် သိရပါသည်။ မိုးဦးကျကာလနှင့် နွေမှ မိုးသို့ အကူးကာလများ၌ ဖြစ်ပွားတတ်ပါသည်။ သို့သော် ရောဂါပိုးမှာ အချိန်မရွေးရှိတတ်ပါသည်။ ၎င်းရောဂါသည် နွာ းအရွယ်မရွေးဖြစ်တတ်သော်လည်း နွားကလေးများတွင် ပို၍ အဖြစ်များပါသည်။ ရောဂါလက္ခဏာများ - ပေါင်ပုပ်၊ လက်ပုပ် ရောဂါဖြစ်သော ကျွဲ၊ နွားသည် အပူချိန် ၁၀၄ ဒီဂရီအထိ အဖျားတက်နေ တတ်ပါသည်။ - အမွေးစောင်းခြင်း၊ ကျွဲ၊ နွား ခန္ဓာကိုယ်အရှေ့ပိုင်းသည် အေးနေတတ်ခြင်း၊ ခြေလက်တို့ အနည်းငယ်ရောင်ရမ်းနေခြင်း၊ ရောင်ရမ်းသည့်နေရာသည် ပူနွေးနေပြီး လက်ဖြင့်ဖိကြည့်လျှင် "တစီစီ" ဟု အသံမြည်နေတတ်ပါသည်။ - ကျွဲ၊ နွား၏ ခြေနှင့် လက်တို့သည် ထောင့်သန်းနာနေတတ်သလို ပုပ်နေသည့်နေရာကို ခွဲကြည့်လျှင် ညိုမည်းသည့်သွေးပုပ်များ ထွက်လာသည်။ - ကျွဲ၊ နွား၏ ရင်အုံနှင့် ကျောကုန်းတို့တွင်လည်း ၎င်းရောဂါဖြစ်တတ်ပါသည်။ ရောဂါကုသပုံ - ဆေးမကုသမီ ရောဂါဖြစ်နေသော နွားကို ဝမ်းချူပေးရပါသည်။ လိုအပ်ပါက အနာကို ခွဲစိပ် ကုသရသည်။ - အလွယ်ကူဆုံးနည်းမှာ ဖြစ်စကိုသိလျှင် ထုံး၊ နနွင်းဖျော်ရည်ကို လိမ်းပေးနိုင်ပါသည်။ အုန်းဆီနှင့် နနွင်းကို ရောနှောပြီး လိမ်းပေးနိုင်ပါသည်။ - ဖရဲသီး အလုံးလိုက်ကို ရေနွေးဆူဆူပွတ်ပွတ်တွင် အငွေ့ပေးပြီး အနာရှိသောနေရာကို ဖရဲသီးနှင့် ထိကပ်ပြီး ဖြည်းဖြည်းချင်း လှိမ့်ပေးရပါမည်။ - စပါးလင်အမြစ်ကို သုံးခွက်တစ်ခွက်တင်ကျိုပြီး ရလာသောပြုတ်ရည်နှင့် ဖြူကောင်ဆူးကို ဆွတ်ပြီး ရောင်နေသည့်နေရာကို အကြိမ်ကြိမ် ထိုးပေးရပါမည်။ ဦးဇော်(dof) မှီငြမ်း - ကျွဲ၊ နွား ရောဂါနှင့် ဆေးမြီးတို ကုသနည်းစာအုပ်မှ ကောက်နူတ်ဖော်ပါသည်။ (ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အပေါ်ကမှန်ဘီလူးပုံနေရာလေးမှာ ပေါင်ပုပ်လက်ပုပ်လို့ ရိုက်ထည့်ပါ။ အဲ့မှာ ရောဂါကုသနည်း ပါပါတယ်
ဆက်စပ်မေးခွန်းများ
တံတားဦးမြို့နယ်တိမွေးကု ရုံးဖုန်းနံပါတ်သိချင်ပါတယ်။နွားတွေပေါင်ပုပ်လက်ပုပ်ရောဂါဝင်နေလို့ အကူညီတောင်းဆက်သွယ်...
ဖြေကြားချက် 3 ခု
ကျနော် မေးခွန် မေးခွင့်ပြုပါ နွားငယ်းလေးတွေ ပေါင်ပုပ် လက်ပုပ်... ရောဂါဝင်နေလို့...ဘယ်လို ကာကွယ်ဆေး သုံးရမလဲ? ဆ...
ဖြေကြားချက် 0 ခု
မဂ်လာပါရှင့် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပါတယ်ရှင့် နွားမွေးတာနည်းစနစ်မကျလို့ပါရှင့် နို့စားနွားပါ နွား...
ဖြေကြားချက် 4 ခု
နွားမွေးမြူရေး
ဖြေကြားချက် 1 ခု
နွားမတမ်းသားဆက်တာအကြိမ်ရေ7ကြိမ်ရှိပြီးနွားသိုးနှင့်ေဆးေချာင်းမျိုးမရသေလိုွပါနွားမတမ်းအသားတင်းမှုေကာင်းတယ်ကျန်း...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။