အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၈ နှစ် က · ဗန်းမောက်

SRI စပါး စိုက်ပျိုး နည်းစနစ် ပြုစုထားတဲ့ စာ အုပ်လေးများရှိရင် အလင်းပြကြပါအုံး နည်းပညာ စာအုပ်ရှာ မရလို့ပါဗျာ

စိုက်ပျိုးနည်း စပါး SRI စပါးစနစ်

ဖြေကြားချက် ၃ ခု

15,275 လွန်ခဲ့သော ၂ နှစ် က
အတည်ပြုပြီး 323,967 လွန်ခဲ့သော ၈ နှစ် က

မျှော်လင့်စောင့်စားနေကြတဲ့ စပါးအစွမ်းဖွင့်စိုက်နည်းစနစ်စာအုပ် (System of Rice Intensification-SRI) စာအုပ်အသစ် ထွက်လာပါပြီ။ စာမျက်နှာ ၁၂၀ မျက်နှာ၊ ရောင်စုံဓာတ်ပုံ ၉၀ ကျော်၊ စက္ကူအချော Art paper ဖြင့် ရိုက်နှိပ်ထားပါတယ်။ ပထမအကြိမ်ထုတ်ဝေစဉ်က စပါးအစွမ်းရှိဟု အမည်ပေးခဲ့ပါတယ်။ ယခုတစ်ကြိမ်တွင် စပါးမှာရှိနေတဲ့အစွမ်းတွေ ပေါ်နိုင်သမျှပေါ်ထွက်လာအောင် ဖွင့်ပေးတဲ့ စိုက်နည်းစနစ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ စပါးအစွမ်းဖွင့်စိုက်နည်းစနစ်ဟု အမည်ပေးခေါ်ဝေါ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း၂၀၁၆ မိုးစပါး၊ ၂၀၁၇ နွေစပါးနဲ့မိုးစပါး၊ ၂၀၁၈ နွေစပါး အတွေ့အကြုံအချို့ကိုပါ ထည့်သွင်းဖေါ်ပြပေးထားပါတယ်။  ရည်ညွှန်းကိုးကားစာအုပ်စာရင်း ၃၇ အုပ်ကိုလည်း ဖော်ပြထားပါတယ်။ (References List) တစ်အုပ်ကို ကျပ် ၃၀၀၀/ ဖြစ်ပါတယ်။ အလိုရှိသူများ မှာကြားနိုင်ပါတယ်။ စုပေါင်းပြီး ၁၀ အုပ်နှင့် အထက် ဝယ်ယူသူများအတွက် စရိတ်ငြိမ်းပို့ပေးပါ့မယ်။ လိပ်စာအပြည့်အစုံနဲ့ ဖုန်းနံပါတ် ပေးကြပါ။ ၀၉၄၅၀၀၆၁၉၄၇ ၊ ၀၉၉၇၇၄၀၀၃၆၃ ၊ ၀၉၇၇၅၆၆၈၀၅၆ ဖုန်းဖြင့်လည်း မှာကြားနိုင်ကြပါတယ်။ ဆရာဦးသိန်းစု

20,386 လွန်ခဲ့သော ၈ နှစ် က

ဆရာကြီး ဦးသိန်းဆုရေးတဲ့ SRI အကြောင်းစာအုပ်ရှိပါတယ်နည်းပညာအောက်က စိုက်ပျိုးနည်းကဏ္ဍမှာလည်းတင်ထားပေးပါတယ် မကြာခင် စအုပ်စင်မှာ စာအုပ်အနေနဲ့တင်သွားပေးဖို့လည်းရှိပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။