အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
648
လွန်ခဲ့သော ၄ နှစ် က · ကြို့ပင်ကောက်

ကူညီကြပါဦး ဘာရောဂါလဲမသိ ဘာဆေးသုံးရမလဲမသိ အဆိုးဆုံးက ဘယ်လောက်ကုန်ကျမယ်မသိ😂😂😂

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း အများအားဖြင့်တိမ်ထူထပ်ပြီး မိုးဖွဲဖွဲရွာ
ပိုးမွှားရောဂါ စပါး စပါးဂုတ်ကျိုးရောဂါ
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

မျက်မြင်အခြေအနေ အရ ဂုတ်ကျိုးရောဂါဖြစ်သည်ဟု ယူဆရာ စပါးဂုတ်ကျိုးရောဂါအတွက် မှိုသတ်ဆေးအဖြစ် အပင်ငယ်စဉ်မှာ အသုံးပြုရန် အတွက်ဆိုပါက Isoprothiolane ကို အရင်၊ နောက်တကြိမ် ဆေးပြောင်းပြီးသုံးရန်အတွက် စပါးပင်သက်တမ်းရင့် (ပင်ပွါးထွက်ချိန်) တွင် Tricyclazole ကို ဒုတိယဆေးအဖြစ်ရွေးချယ်သင့်ပါတယ်။ ယခုအခြေအနေအရ သက်တမ်းရင့်ပြီဖြစ်၍ Tricyclazole (Ai) ဆေးအား အသုံးပြုပါလို့အကြံပြုပါတယ်။ ဥပမာ အနေဖြင့် ဂလိုဘယ်မှ ဘင်ဇိုး၊ ဩဘာမှ ထရန်းဒန့်၊ ဝိစာရမှ ပိုင်ရီဆိုက် တို့အား အသုံးပြုပါလို့ အကြံပြုပါတယ်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

လွန်းပုံအနာကွက် ဆိုရင် စပါးဂုတ်ကျိုးရောဂါလက္ခဏာပါ။ ပရိုပီကိုနာဇိုး( ပရိုဝမ်း၊ဂရေ့...)ဖျန်းပါ။ ထရိုင်ကလာဇိုး ရှိရင်လည်း ရပါတယ်။ စျေးနုန်း မငြိမ်လို့ မသိပါ။ဆေးဆိုင်မှာစုံစမ်းပါ။

177 လွန်ခဲ့သော ၄ နှစ် က

ကျွန်တော်တို့လယ်တွေလဲဖြစ်တယ်ဗျ မြေဆီကျွေးတာနဲတာရယ်ပိုးကျတာရယ်ကြောင့်ပါ

648 လွန်ခဲ့သော ၄ နှစ် က
You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။