ဖြေကြားချက် ၅ ခု
ကြက်သွန်ရောဂါလက္ခဏာတွေက အရွက်ပြောက်၊အရွက်ခြောက့် လက္ခဏာတွေချည်းဆိုတော့ ခပ်ဆင်ဆင်တွေပါဘဲ။ တောက်တဲ့ မြီး၊ဒေါင်းနီးမှမဟုတ်ပါဘူး။ Botrytis နဲ ဒေါင်းနီး။ Stemphyllium blight နဲ့ဒေါင်းနီး စသဖြင့် ရောနေတတ်ပါတယ်။ တစ်သျှူးစ ကို ဓာတ်ခွဲကြည့်ရတာ မဟုတ်လိူ့ ရောဂါအမည်တပ်ဖို့ ချက်ချင်းမလွယ်ပါဘူး။ ဆေးကုသဖိူ့ ဥိးစားပေးရတာတွေ ရှိပါတယ်။ အကြမ်းဖျဥ်းပြောရရင်.. ဆောင်းရာသီကဲ့သို့ ရာသီအေးပြီး၊ စိုစွတ်တဲ့အခြေအနေမှာ၊ ရောဂါရ ကြက်သွန်ရွက်ပေါ်မှာ ဖားဥမှိုလို အကွက်ေလး တွေ တွေ့ရင်၊ဒေါင်းနီးပါ။ ရာသီဥတု နွေးပြီး၊စွတ်စိုနေချိန် ရေစိုနာလေးလို ၊လွန်းပုံ အကွက်လေးတွေမှာ အညိုရောင်နှတ်ခမ်းသားနဲ့တွေ့ရရင် တောက်တဲ့ပြောက်ပါ။ အရွက်အဖျားခြောက်တဲ့အချိန်မှာတော့.. ရောဂါတွေက. ခွဲရခက်တာပါဘဲ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီ ဘယ်လို စိုက်ပျိုးရန် သင့်တော်မလဲ?
ဖြေကြားချက် 1 ခု
Colletotrichum gloeosporioides က ဘယ်လို spore ထုတ်တာလဲ ဆရာများ ခင်ဗျာ
ဖြေကြားချက် 7 ခု
1. Maneb 50% 2.Thiophanate.methyl 20% မည်သည့်ဆေးကမည်သည့် ပိုးမွှားရောဂါကိုကုသပေးတာလဲဆရာများခင်ဗျာ
ဖြေကြားချက် 1 ခု
ဒေါင်းနှီးနဲ့ တောက်တဲ့မြီးရောဂါအား ကုသနည်း မိူဆေး ပြောပါဦး ရောဂါ တစ်မျိုးချင်းစီခင်ဗျာ
ဖြေကြားချက် 5 ခု
ဘာရောဂါလဲခင်ဗျ ဘယ်လို လုပ်ဆောင်ရမလဲ
ဖြေကြားချက် 2 ခု