အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,392
လွန်ခဲ့သော ၄ နှစ် က · လက်ပံတန်း

နေကြာစိုက်ချင်လို့ပါ ရေဆင်းနေကြာ ဆပ်မျိုး၁ က ဘယ်မှာဝယ်လို့ရပါသလည်းဗျာ ဘယ်မြေ အမျိုးအစား မဆိုစိုက် ပျိုးလို့ရပါ...

နေကြာစိုက်ချင်လို့ပါ ရေဆင်းနေကြာ ဆပ်မျိုး၁ က ဘယ်မှာဝယ်လို့ရပါသလည်းဗျာ ဘယ်မြေ အမျိုးအစား မဆိုစိုက် ပျိုးလို့ရပါသလားဗျာ

စိုက်ပျိုးနည်း နေကြာ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး အရောင်းဆိုင်များတွင် ဝယ်ယူ၍ ရပါတယ်။ နေကြာသည် မြေသားနက်ရှိုင်းပြီး မွာသောမြေတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။ မြေကျစ်လွှာခံသော မြေများကို နေကြာစိုက်ပျိုးရန် ရှောင်ကျဉ်သင့်သည်။ အပေါ်ယံမြေလွှာသည် လေဝင်လေထွက် ကောင်းမွန်ပြီး ရေစီးဆင်းမှု ကောင်းသကဲ့သို့ အစိုဓာတ်ကိုလည်း ထိမ်းသိမ်းနိူင်မည့် မြေမျိုး ဖြစ်ရပါမည်။ အထူးသဖြင့် နှုန်းဆန်သောသဲမြေနှင့် သဲဆန်သော နှုန်းမြေများတွင် ကောင်းစွာ ဖြစ်ထွန်းပါတယ်။ ရွံ့စေးမြေ(သို့) အောက်ခံမြေမာလွှာပါသောမြေ (ဥပမာ) ကျစ်မြေများကို ရှောင်ကျဉ်သင့်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။