အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

နေကြာစိုက်ပျိူးနည်အဆင့် ဆင့်များကိုသိရှီခြင်းပါသည်

စိုက်ပျိုးနည်း နေကြာ
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က

နေကြာစိုက်ပျိုးနည်း နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ် နည်းပါးခြင်း၊ အပျက်အစီး နည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူ ပြုနိုင်သည့် သီးနှံ ဖြစ်ပါသည်။ နေကြာ တစ်ဧက တင်း (၃၀မှ၅၀) အထွက်နှုန်း ရရှိရန် အောက်ပါ နည်းပညာများကို ကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ပါသည်။ ၁။မျိုး အထွက်ကောင်းမျိုးများ ဖြစ်သည့် စပ်မျိုးနေကြာ၊ ရေဆင်းစပ်မျိုး-၁၊ နိုင်ငံတော် မျိုးစေ့ကေ်ာမတီမှ အတည်ပြုထားသော နိုင်ငံခြား စပ်မျိုးများနှင့် OPV မျိုးဖြစ်သည့် ဆင်းရွှေကြာ- ၂ မျိုးများ အသုံးပြုပါ။ အရည်အသွေး ကောင်းမွန်၍ အပင်ပေါက် ၈၀ ရာခိုင်နှုန်း အထက်ရှိသော မျိုးများကို အသုံးပြုရန်။ ၂။ စိုက်စနစ် (က) စိုက်ချိန် စိုက်ချိန် မှန်ကန်စွာ စိုက်ပျိုးရန်။ (မိုး- မေ၊ ဇွန် ဆောင်း- စက်တင်ဘာ၊ အောက်တိုဘာ) (ခ) မြေအမျိုးအစား မြေသားနက်၍ မွပြီး မြေဆီအာဟာရ ထက်သန်သောမြေနှင့် နုန်းမြေတွင် စိုက်ပါ။ ရေစိမ့်အားကောင်းပြီး ရေမဝပ်သော မြေဖြစ်ရမည်။ မြေချဉ်ငံကိန်း (pH) ၆.၀ မှ ၇.၅ ဖြစ်ရမည်။ (ဂ) အပင်ဦးရေ တန်းကြား (၂) ပေနှင့် ပင်ကြား (၉) လက်မထား၍ တစ်ကျင်း (၃-၅) စေ့ စိုက်ပျိုးရန် (အပင် ဦးရေ ၂၉၀၀၀ ကျော်) (ဃ) သားခွဲခြင်း တစ်ကျင်း (၁) ပင် ချန်၍ (၁၅) ရက်သားအတွင်း အပြီး သားခွဲရန်။ (င) ရေပေးသွင်းခြင်း အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှု မရှိစေရန်နှင့် ရေပေးသွင်းနိုင်ပါက အဖူး ၇၅ % ဝင်ချိန်နှင့် ပန်း ၇၅ % ဝင်ချိန် ရေပေးသွင်းရန်။ ရေပေးသွင်းချိန်တွင် ရေမဝပ်စေရန် အရေးကြီးပါသည်။ ၃။ သွင်းအားစု (က) သဘာဝမြေသြဇာ မြေပြင်ချိန်တွင် နွားချေးဆွေး (သို့မဟုတ်) မြေဆွေးကို နွားလှည်း 5 စီးမှ 10 စီးအထိ ထည့်သွင်းပေးရန်။ (ခ) ဓာတ်မြေသြဇာ မြေပြုပြင်ချိန် တစ်ဧကကို ယူရီးယား ၁၅ ပိဿ၊ တီစူပါ ၁၅ ပိဿနှင့် ပိုတတ်ရှ် ၁၅ ပိဿနှင့် အဖူးဝင်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿနှင့် ပန်းစပွင့်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿနှုန်း အသုံးပြုရပါမည်။ ၄။ အပင်ကာကွယ်ရေး (က) ပေါင်းမြက် ပေါင်းမြက်များကို အပင်ပေါက်ပြီး (၄၀) ရက်သားအတွင်း နှိမ်နင်းပေးရန်။ (ခ) ပိုးမွှား အပင်ငယ်စဉ်တွင် ဖြုတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများ ကျရောက်တတ်သဖြင့် အချိန်မီ ကာကွယ်ရန် လိုအပ်ပါသည်။ အစေ့အဆန် တည်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် ရွက်စုံစား ခူဝါများ ကျရောက်တတ်ပါသည်။ ထိသေ ပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ (ဂ) ရောဂါ နေကြာပင်ငယ်များတွင် မှိုရောဂါ ကျရောက်တတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ် စိုက်ပျိုးရန်။ နေကြာ ရွက်ခြောက် ရောဂါ ဆိုးရွားစွာ ကျရောက်ပါက ပွင့်ဖူးဝင်ချိန်မှစ၍ မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းရန်။ ၅။ ရိတ်သိမ်းနည်းစနစ် နကြာပွင့် နောက်ကျောဘက် အဝါရောင် သမ်းလာချိန် ရိတ်သိမ်းရန်။ ရိတ်သိမ်းပြီး နေကြာပွင့်အား တစ်ပွင့်နှင့် တစ်ပွင့် မထပ်စေဘဲ (၂-၃) ရက် နေလှန်း အစေ့ခြွှေရန်။ အစေ့တွင်း အစိုဓာတ် (၅-၆) ရာခိုင်နှုန်းထိ ရရှိရန် (၂-၃)ရက် နေလှန်း၍ လေလုံအောင် သိုလှောင်ရန်။ မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် နည်းပညာများအား ပြန်လည် မျှဝေပါသည်။ Credit to original post

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။