အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,096
လွန်ခဲ့သော ၄ နှစ် က · လှိုင်းဘွဲ့

ပဲတောက်ရှည် အရွက်တွေအဲ့လိုကြွေကျနေပါတယ် ရောဂါဝင်နေတယ်လို့ထင်ပါတယ် ဘာရောဂါလဲဆိုတာမသိလို့ပါ အပင်ညိုးပီး၃ပင်တော့​...

ပဲတောက်ရှည် အရွက်တွေအဲ့လိုကြွေကျနေပါတယ် ရောဂါဝင်နေတယ်လို့ထင်ပါတယ် ဘာရောဂါလဲဆိုတာမသိလို့ပါ အပင်ညိုးပီး၃ပင်တော့​ ေသ သွားပါပီး ဆရာများလမ်းညွှန်းပေးကြပါရှင့်

အပင်အာဟာရ ပဲတောင့်ရှည်
Post image
Post image
Post image

ဖြေကြားချက် ၇ ခု

3,096 လွန်ခဲ့သော ၄ နှစ် က

ဟုတ် ကျေးဇူးတင်ပါတယ် ရှင့်

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

ပလပ်စတစ်အုပ်ခြင်းဟာ ​မြေတွင်းအပူချိန်ကိုများ​စေပါတယ်။ ​အေးတဲ့ရာသီမှာ အသုံးတဲ့ပေမယ့် အပူချိန်မြင့်တဲ့လ​တွေမှာ ၊အန္တရာယ်ရှိ​စေပါတယ်။ ဆိုလိုတာက ပလပ်စတစ် လှပ်​ပေးပါ။

3,096 လွန်ခဲ့သော ၄ နှစ် က

စိုက်တဲ့လတော့မတူပါ

3,096 လွန်ခဲ့သော ၄ နှစ် က

အရင်တစ်ခေါက်စိုက်တာဒီအတွေ့အကြုံမရှိလို့ပါရှင့်

3,096 လွန်ခဲ့သော ၄ နှစ် က

မိုးတော့များနေပါတယ် အပင်တက်အားကောင်းလွန်းလို့လား

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

လက်ရှိ အရွက် အနေအထားသည် သံချေးရောဂါနှင့် ဆင်သော်လည်း တထစ်ချ ပြော၍ မရပါ (အခြားအပင် အရွက်များအား သဲကွဲစွာ မြင်ရန်လိုပါတယ်) အပင်အနေအထားအရ ညိုးသေရောဂါမဖြစ်နိူင်ပါ အမြစ်တွင် ပြဿနာရှိနေနိူင်သဖြင့် ပြန်လည်စစ်ဆေးရန် လိုအပ်ပါမည်(မြေတွင်းအပူချိန် မြင့်ပြီး လေဝင်လေထွက်ညံ့ပါက အမြစ်ပြဿနာ ဖြစ်နိူင်ပါတယ်)

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

ပုံပါအရွက်ပြလက္ခဏာက ညှိုး​သေ​လောက်တဲ့​ရောဂါလက္ခဏာမဟုတ်ပါ။ ညှိုး​သေရတဲ့အခြားအ​ကြောင်းအရာ​တွေရှိပါလိမ့်မယ်။ ဥပမာ..အမြစ်​တွေ အလုပ်မလုပ်နိုင်တာ။ (ရာသီဥတုပူချိန်၊ပလပ်စတစ်အုပ်ထားခြင်းဟာ ​မြေကြီးကို ပူ​စေပြီး အမြစ်​တွေ အလုပ်မလုပ်နိုင်ပါ)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။