သစ်ခွအကြောင်းသိချင်ပါတယ် အပင်သေသေနေလို့ပါ
အရင်ဆုံး. သန့်ရှင်းရေးလုပ်ပါ။ အမြစ်ဆွေး အမြစ်ခြောက်တွေ ၊အုန်းဆံဖတ် အဆွေးတွေ ဖယ်ပါ။ အုန်းခွံ ခြောက်အသစ်ကို အဆံမျှင်များများထွက်အောင် ဆံပင်ဖွသလို ဖွပေးပါ၊ သန့်ရှင်းပြီးအိုးထဲကို သစ်ခွပင်အမြစ်တွေမနာအောင်အလိုက်သင့်ထည့်ပါ။အပင်ကြားထဲကို အုန်းဆံဖတ်လေးတွေစီထည့်ပါ။ မီးသွေးတွေမထည့်ပါနဲ့။ ထည့်ချင်ရင် အပင်တွေ အမြစ်တွေပွားပြီ ဆိုမှ၊ ရေဆေးပြီးထည့်ပါ။ ဘီ-1အားဆေးရည်ကို ရေတလီတာမှာ ၁၀စီစီ လောက်ထည့်ပြီး ဖျန်းရေထဲထည့်ဖျန်းပါ။ အပင်လေးတွေကို နေရောင်တိုက်ရုိက်မကျတဲ့နေရာ၊ လေဝင်လေထွက်လည်းကောင်းတဲ့ အေးတဲ့နေရာထားပါ။
ဆက်စပ်မေးခွန်းများ
မီးသွေးကအပင်အတွက်ဘယ်လိုအသုံးဝင်လဲ
ဖြေကြားချက် 1 ခု
သစ်ခွပန်းပွင့်အားဆေးဘာသုံးရမလဲ
ဖြေကြားချက် 4 ခု
ရေနေ့တိုင်းလောင်းပေမယ့်အရွက်တွေဝါဝါလာလို့ပါ တချို့အိုးတွေမှာတော့အပင်သစ်တွေထွက်နေပါတယ် ဘယ်လိုပြုစုပေးရမလဲရှင့်
ဖြေကြားချက် 2 ခု
သစ်ခွပန်းမျိုး ဘယ်လို စိုက်ပေးရတာလဲ ရှင့်
ဖြေကြားချက် 1 ခု
သစ်ခွပန်းပျိုးပင်နှင့်မျိုးစေ့လိုချင်လို့ပါ ချင်ဗျ။ တန်းစွဲလေးတေပါ။
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။