အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
296
လွန်ခဲ့သော ၄ နှစ် က · ပုလဲ

နှမ်းခင်းထဲမာ..တောဇီးပူပင်တေပေါက်နေလို့..နှမ်းရိတ်တဲ့ခါအဆင်မပြေလို့..ဘလိုရွေးချယ်ပေါင်းသတ်ဆေးပတ်ရမလာဗျ...အပင်က...

နှမ်းခင်းထဲမာ..တောဇီးပူပင်တေပေါက်နေလို့..နှမ်းရိတ်တဲ့ခါအဆင်မပြေလို့..ဘလိုရွေးချယ်ပေါင်းသတ်ဆေးပတ်ရမလာဗျ...အပင်ကတော့ခုမှစိုက်ထားတုန်းပါ...နှမ်းပင်လဲမထိခိုက်မဲ့တောဇီးပူပင်ကိုသေစေတဲ့ရွေးချယ်ပေါင်သတ်ဆေးလေးကိုလမ်းညွန်းပေးပါဦးဗျ..

ပိုးမွှားရောဂါ နှမ်း နှမ်း ရွက်ပြန့်အုပ်စုပေါင်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

နှမ်းတွင် ရွက်ချွန်း(မြက်)ကိုသာ သတ်တဲ့ ပေါင်းသတ်ဆေးများရှိပြီး ရွက်ပြန်ပေါင်း အား နှမ်းပင်ပေါက်ပြီးမှ ဖြန်း၍ ရသော ပေါင်းသတ်ဆေးမရှိသေးဘဲ နှမ်းအတွက် ပေါင်းအုပ်ဆေးသာ ရှိပါတယ်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

နှမ်းခင်းထဲက ရွက်ပြန့်​ပေါင်း​တွေကို နှမ်းပင်​ပေါက်ပြီးမှ ဖျန်းရတဲ့ ​ရွေးချယ်​ပေါင်းသတ်​ဆေး အတွက် အဆင်​ပြေတာ မ​တွေ့ရ​သေးပါဘူး။ အသုံးပြုလိုပါက.. နှမ်းကြဲပြီး ၃ရက်အတွင်း ထယ်​ရေးပြင်ကို ဖျန်း​ပေးရတဲ့ ​ပေါင်းအုပ်​ဆေး ရှိပါတယ်။ နှမ်းပင်​ရော၊​ပေါင်းပင်ပါ မ​ပေါက်ခင် ကြိုဖျန်းရတာပါ။ နှမ်းပင်ဘဲ ​ပေါက်လာပြီး ​ပေါင်းမျိုး​စေ့ အ​တော်များများ ရှင်း​ပေးနိုင်ပါတယ်။ လက်​တွေ့ဖျန်းရင် သိပါလိမ့်မယ်။ (ယာရှင်း၊ မိန်း-72..)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။