ဖြေကြားချက် ၂ ခု
ABCDEအလိုက် ခွဲခြားထားတာက,Beale's Classification နည်းအရ Grain sizeကို အခြေခံပြီး ခွဲခြားထားတာပါ။ Amiloseပါဝင်မှုအရ,ABCDE အုပ်စုမှာ ခွဲခြားဖော်ပြတာ မတွေ့ရပါဘူး(ဖော်ပြလို့လည်း မလွယ်နိုင်ပါဘူး) ဥပမာ..Aအုပ်စု ဧည့်မထ ထဲမှာရှိတဲ့ မျိုးကွဲ တခုချင်းမှာတောင်မှ၊ amiloseပါဝင်မှုရာနုန်း ၊တခုနဲ့တခု မတူနိုင်လို့ပါ။ အောက်ပါlinkလေးက်ု လေ့လာနိုင်ပါတယ်။ ဒါထက်အသေးစိပ်သိလိုပါက၊ IRRI websiteတွင် ရှာဖွေလေ့လာနိုင်ပါနယ်ခင်ဗျာ။ https://www.facebook.com/1037232299675027/posts/pfbid02inW7f8RN1H8RW9NMjnu1JoAqzdJqCNzQEbWviL78kJZMje6LTCRTmX66vSYFj1xwl/
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးစပါးကျဲပက် စိုက်ပျိုးဖို့အတွက် မျိုးအသစ်ကို အားလုံးအတွက်ဝယ်ကျဲဖို့ မတတ်နိုင်ပါဘူး နွေစပါးကျဲတဲ့အခါမှာ...
ဖြေကြားချက် 5 ခု
စပါးမျိုးကောင်းမျိုးသန့်များဖြစ်သော မှော်ဘီ ၅ နှင့်ရွှေမန်း ၁ မျိုးစပါးများ၏အပင်သက်တမ်းနှင့်ဝယ်ယူရရှိနိုင့်...
ဖြေကြားချက် 0 ခု
ဧရာမင်းစပါးမျိုးကသက်တမ်းဘယ်လောက်ရှိပါသလဲခင်ဗျ။
ဖြေကြားချက် 4 ခု
GW11
ဖြေကြားချက် 0 ခု
GW11စပါးကိုအနိပ်ပိုင်တွေမှာကျဲရင်အစဥ်ပြေးနိုငိပါမလာ
ဖြေကြားချက် 11 ခု
ရေပန်းစားသော အကြောင်းအရာများ