အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
21,642
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

ဆရာညီကိုတို့ တဧကကိုမတ်ပဲဘယ်လောက်နှုံးကြဲရလဲခဗျ။ စိုက်ပျိုးပညာရှင်တွေက၁၂ပြည်နှုံး။ တောင်သူတွေက ၁တင်းနှုံးပြောကြ...

ဆရာညီကိုတို့ တဧကကိုမတ်ပဲဘယ်လောက်နှုံးကြဲရလဲခဗျ။ စိုက်ပျိုးပညာရှင်တွေက၁၂ပြည်နှုံး။ တောင်သူတွေက ၁တင်းနှုံးပြောကြလို့။သေချာသိချင်လို့ပါ။ကျေးဇူးပါခဗျ။

စိုက်ပျိုးနည်း မတ်ပဲ မတ်ပဲစိုက်ပျိုးနည်း
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

၂မျိုးစလုံးမှန်ပါတယ်။ ​ဒေသ ​ရေ​မြေ၊စိုက်စနစ်အ​ပေါ်လည်းမူတည်တာကိုး။ ထွန်​ရေးပြင်ပြီး အတန်းလိုက်စိုက်ရင် မျိုး သက်သာတယ်။ ခုတ်ဖုံး၊ပက်ကြဲ ဆိုရင် မျိုးထူမှရမယ်။ (ပိုးကိုက်/​လောက်စား..စာအတွက် ပိူကြဲကြရတယ်) တကယ်​တော့ တဧက အပင်​ရေ တသိန်း​ကျော်၊ဆိုရင်၊ မျိုး​စေ့ ၁၀-၁၂ပြည် ဆိုရတယ်။ မျိုးလူးနယ်​ဆေး သုံးပါ။

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

မတ်ပဲမျိုးအသုံးပြုရာတွင် မျိုး၊ စိုက်စနစ်၊ ဒေသ၊ မြေအမျိုးအစား ရာသီဥတုအပေါ်မူတည်၍ မျိုးနှုန်း ၆ပြည်မှ ၂၄ ပြည် အထိ အသုံးပြုကြပါတယ်။ မျိုးစေ့ချထွန်(အထက်မြန်မာပြည်) ၆-၈ ပြည် ရေလိုက်ကြဲပက်စနစ် (၈- ၁၂)ပြည်။ ထွန်ပဲ (သက်လတ်) ၁၄- ၂၀ပြည် ထွန်ပဲ(သက်ငယ်) ၁၆- ၂၄ပြည် အောက်မြန်မာပြည်တွင် တစ်ဧက တစ်တင်းလို့ ယျေဘူယျ သတ်မှတ်၍ ရပါတယ်။

21,642 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ ဆရာ🙏။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။