အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,967
လွန်ခဲ့သော ၃ နှစ် က · အိမ္မဲ

ပေါ်ဆန်းစပါးထွက်တော့မယ်စပါးပင်ကိုမနက်စောစောအချိန်ညနေနေဝင်ချိန်ထွက်ကြည့်လိုက်ရင်နှံစုပ်ပိုးကောင်းတွေတွေ့ရတယ်ဘာ...

ပေါ်ဆန်းစပါးထွက်တော့မယ်စပါးပင်ကိုမနက်စောစောအချိန်ညနေနေဝင်ချိန်ထွက်ကြည့်လိုက်ရင်နှံစုပ်ပိုးကောင်းတွေတွေ့ရတယ်ဘာဆေးများဖျန်းရမလဲပြောပြပေးပါအုံ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ

ဖြေကြားချက် ၃ ခု

16,337 လွန်ခဲ့သော ၃ နှစ် က

အလန်း=ဆိုက်ပါဖြန်းပါအပင်တွင်ချက်ချင်းသေပါလိမ့်မယ်

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

~ ကားတက်ဟိုက်ဒရိုကလိုရိုဒ်၊ ~ အဆီဖိတ် + လန်ဘ်ဒါဆိုင်ဟာလိုသရင် + အဘာမက်တင် (Acephate + Lambda cyhalothrin + Abamectin) ~ ကာဘိုဆာလ်ဖန် (Carbosulfan) ~ ပိုင်မီထရိုဇိုင်း (Pymetrozine) ~ ပရိုဖီနိုဖော့စ် (Profenofos ) ~ သိုင်ယာမက်သိုဇမ် (Thiamethoxam ) ~ ဖစ်ပရိုနေးလ် ( Fipronil) ~ အဆီတာမီပရစ် (Acetamiprid တို့အား သီးသန့်(သို့) အရောများကို သတ်မှတ်နှုန်းထားများအတိုင်း ပက်ဖျန်း အသုံးပြုနိူင်ပါတယ်။ ( အချို့ ပညာရှင်များကတော့ မိမိတို့၏ အတွေ့အကြုံနှင့် ချင့်ချိန်တွက်ချက်၍ လိုအပ်သည့် ဆေးများကို အသုံးပြုစေကြပါတယ်)

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

သိုင်ယာမီသိုဇင်+လမ်ဘဒါ (တင်းဒါး..)ကို ​ကော်ရည်နဲ့ ထည့်ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။