အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,967
လွန်ခဲ့သော ၃ နှစ် က · အိမ္မဲ

ရက်၉၀စပါး၅၀ရက်သားရှိပြီးမှိုရောဂါမကျအောင်ဆေးဖျန်းလို့ရလားနှံစုပ်ပိုးကိုရောဘယ်အချိန်လောက်ကျရင်ဖျန်းရမလဲ

ဖြေကြားချက် ၄ ခု

1,744 လွန်ခဲ့သော ၃ နှစ် က

နှံစုပ်ဂျပိုးအတွက်ဦးစွာပထမကန်သင်းပေါ်ရှိလက်ခံပင်များကိုရှင်းရပါမည်၊(ဒေါင်းစပါးများ၊မြက်သီးပင်များ၊အလေ့ကျပေါက်နေသောစပါးခင်းထက်စော၍နို့ရည်တည်နေသောကန်းသင်ပေါ်ရှိစပါးပင်များ)ကိုရှင်းပေးရပါမည်၊ခြံစပ်နေရာများ၊ခြုံထူသောနေရာများမှာလည်းခိုအောင်းနေတတ်ပါတယ်၊စပါးပင်များနို့ရည်စတည်ချိန်မှာအလျဥ်းသင့်သလိုမနက်စောစော(သို့)ညနေမိုးချုပ်ကာနီးတွင်လေတင်ကန်သင်းပေါ်မှမီးခိုးမှိုင်းများနှစ်ရက်တစ်ကြိမ်တိုက်ပေးပါကကျရောက်ဖျက်ဆီးမှုနည်းပါးပါတယ်ခင်ဗျ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

မှိုသတ်​ဆေး ကို ဖုံးလုံးချိန်မှာ ကာကွယ်​ဆေး(ထိ​သေ မှိုသတ်​ဆေးအုပ်စု)​တွေ ကြိုဖျန်းလို့ရပါတယ်။ ပိုးသတ်​ဆေးကို အဆီတာမီပရစ် သို့မဟုတ် သိုင်ယာမီသိုဇင် ဖျန်းပါ။

5,967 လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုဆေးမျိုးကိုရှာဝယ်လို့ရမလဲဆေးအမည်ကို

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ဖုံးလုံးချိန် မှိုကာကွယ်​ဆေး၊ ပိုးကာကွယ်​ဆေး ကြိုဖျန်းနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။