အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၃ နှစ် က · ဖြူး

မတ်ပဲ တစ်ဧက စိုက်ပျိုးကုန်ကြစရိတ်ခန့်မှန်းချေ ဘယ်လောက်ရှိလဲသိချင်ပါတယ် မြေပြင်စရိတ် ဆေးဖိုး ရိတ်သိမ်းခ များ သိ...

မတ်ပဲ တစ်ဧက စိုက်ပျိုးကုန်ကြစရိတ်ခန့်မှန်းချေ ဘယ်လောက်ရှိလဲသိချင်ပါတယ် မြေပြင်စရိတ် ဆေးဖိုး ရိတ်သိမ်းခ များ သိချင်ပါတယ်ရှင့်

စိုက်ပျိုး ဗဟုသုတ မတ်ပဲ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ထွန်ယက်ခ၊ သွင်းအားစုနှင့် လုပ်အားခ ဈေးနှုန်း မြင့်တက်မှုကြောင့် တစ်ဧကလျင် ၂.၅၀,၀၀၀ မှ ၃,၅၀,၀၀၀ ကျပ်အထိ ကုန်ကျနိူင်ပါသည်။

116 လွန်ခဲ့သော ၃ နှစ် က

ဖြေပေးပါသောဦးလေးများ ကျေးဇူးပါရှင့်🤗

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

ထယ်၊ထွန်ခ/​မြေပြင်ခ၊မျိုး၊​မြေသြဇာ၊စိုက်ခ၊​ဆေး/​ဆေးဖျန်းခ၊​ကောက်ခ ၊သိမ်းခအားလုံး တွက်ရင် ၁ဧက၊အကြမ်းဖျဥ်း ၂သိန်းခွဲ ခန့်ကုန်ကျနိုင်ပါတယ်။

174 လွန်ခဲ့သော ၃ နှစ် က

labour ပါထည့်တွက်ရင် သိန်းဂဏန်းလောက်ပဲကုန်မှာပါ😊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲမျိုး လိုခြင်လို့ ရောင်းဖို့ မရှိကြတော့ဘူးလား 1တင်းခွဲ 3အိပ်လောက် လိုခြင်လို့ပါ..

ဖြေကြားချက် 2 ခု

ဆရာညီကိုတို့ မတ်ပဲတွက် ပေါင်းနဲ့ကာကွယ်မှုများတော့လုပ်ထားပါတယ် ဒါပေမဲ့ ရောဂါနဲ့ပိုး မကျအောင် ဘယ်လိုဆေးမျိုးကို...

ဖြေကြားချက် 4 ခု

မတ်ပဲပင်ဝါတဲ့အချိန်မှာ ရွေးချယ်ပေါင်းသတ်ဆေးဖြန်းလို့ရလားခင်ဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ 15ရက်သားမှစတင်၍ ပိုးသတ်ဆေးအမျိုးအစားများနှင့်ဆေးအညွှန်းအသုံးပြုပုံများကိုသိပါရစေ ဆရာတို့ခမျာ

ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးပါ မြက်တွေများနေလို့ဘာပေါင်းသတ်ဆေးသုံးရမလဲအဆင်ပြေမယ့်မတ်ပဲပင်အထိအခိုက်မရှိပေါင်းမြက်ကင်းနိုင်မယ်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။