ဖြေကြားချက် ၂ ခု
GW-1 ဝင်ငွေတိုး အထူးအထွက်တိုးစပ်မျိုးစပါး တောင်သူများ တစ်ဧကအထွက်တိုးပြီး ဝင်ငွေပိုမိုရရှိလာစေရန် အထူးအထွက်တိုး GW-1 စပ်မျိုးစပါးအား စိုက်ပျိုးပါ။ မူလ မျိုးစပါးနေရာတွင် GW-1 အထူးအထွက်တိုး စပ်မျိုးစပါးကို အစားထိုးစိုက်ပျိုးသောအခါ GW-1 အထူးအထွက်တိုး စပ်မျိုးစပါးစိုက်ပျိုးနည်းအတိုင်း ပြောင်းလဲ၍စိုက်ပျိုးပါက စပါးအထွက် ပိုမိုကောင်းမွန်ပြီး GW-1 အထူးအထွက်တိုး စပ်မျိုးစပါး၏ အားသာချက်ကို ပိုမိုပေါ်လွင်စေပါသည်။ GW-1 စပ်မျိုးစပါးကို စိုက်ပျိုးနည်းအတိုင်း စနစ်တကျစိုက်ပျိုးပါက တစ်ဧက တင်း (၁၅၀) ထွက်ရှိနိုင်ပါသည်။ (နွေစပါးအနေနဲကော၊ မိုးစပါးအနေနဲ့ပါစိုက်ပျိုးလို့ရပါသည်။) -------- 1kg တစ်ထုတ်ကို ၄၅၀၀ ကျပ်ဖြစ်ပြီး (1kg ကို နို့ဆီဘူး ၅ လုံးခွဲခန့် ပါပါတယ်) ---------- မျိုးရင်းမှာ ပုလဲသွယ်စပါ်းမျိုးဖြစ်၍ အချွန်အမာမျိုးဖြစ်ပါသည်။ ------------- တစ်ဧကကို ၁၀ ထုပ်အထိကျဲနိုင်ပါတယ်။ ------------- ဆက်သွယ်မှာယူရန် ---------------------- မြန်မာပြည်အောက်ပိုင်း ကိုဇာနည် 09403747357, 094647357 မြန်မာပြည်အထက်ပိုင်း ကိုမိုးဦး 09440550323, 09786264985 ကိုသိန်းမင်းဦး 09797738433 ကိုကျော်စွာဝင်း 09797504981, 09265761532 တို့ကိုဆက်သွယ်၀ယ်ယူနိုင်ပါတယ် ကားဂိတ်တွေကနေပို့ပေးတာမျိုးလည်းရှိပါတယ်။ တစ်ကယ်လိုနီးနေရင်လည်းကွန်ယက်တစ်ခုခုနဲချိတ်ဆက်ပေးပါမယ်။ GW-1 စပါး၏ကောင်းခြင်း (၄) ရပ် ----------------------------- ၁။ ထွက်နှုန်းကောင်းမွန်ခြင်း ၂။ ဆန်သားအရည်အသွေးကောင်းမွန်ခြင်း ၃။ ဒေသမရွေးသင့်တော်ခြင်း ၄။ ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း မျိုးစေ့အရည်အသွေးစံနှုန်း အာမခံချက် ----------------------- မျိုးစေ့မှန်ကန်မှု - ၉၆% နှင့်အထက် မျိုးစေ့သန့်စင်မှု - ၉၈% နှင့်အထက် အပင်ပေါက်နှုန်း - ၈၀% နှင့်အထက် အစိုဓါတ်ပါဝင်မှု - ၁၃% အောက် သက်တမ်း - ၁၀၅ - ၁၂၀ ရက် အပင်မြင့် - ၃ပေ ၆လက်မ ပျမ်းမျှပင်ပွား - ၁၂ ပင်အထက် တစ်နှံပါသီးလုံး - ၁၆၁ စေ့အထက် ဆန်အကြမ်းထွက်နှုန်း - ၇၈.၇% ဆန်အချောထွက်နှုန်း - ၅၄.၅% GW-1 သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၆) ချက် ----------------------------- ၁။ မျိုးစေ့အား စီးနေသောရေရှင်တွင်စိမ်ပါ။ မနက်ခင်းတွင် ရေစစိမ်ပြီး တစ်နေ့ (၃) ကြိမ်ရေလဲပေးရမည်။ ညပိုင်းတွင် မျိုးစေ့အားရေမှဆယ်ပြီး လေတွင် လေသလပ်ခံရမည်။ စာပါးစပ်ဖြူလာလျှင် မျိုးစေ့ချရန်အသင့်အနေအထားဖြစ်ပါသည်။ ပုံမှန်အားဖြင့် ပြောင်းရွေ့စိုက်စနစ်တွင် တစ်ဧကလျှင် မျိုးစေ့ (၇) ကီလိုဂရမ်လိုအပ်ပြီး တိုက်ရိုက်အစေ့ချစိုက်စနစ်တွင် တစ်ဧက (၁၀)ကီလိုဂရမ်လိုအပ်မည်။ ပေါင်းသတ်ဆေးသုံးသောအခါ ပျိုးပင်ကိုမထိခိုက်အောင်သတိပြုပါ။ ၂။ ထယ်ထိုး၊ ထွန်မွှေပြီးမြေညီညာအောင်ပြုပြင်ပါ။ သမန်းနူးသည့်မြေတွင် ပင်ခြား (၇)လက်မ၊ တန်းခြား (၇)လက်မဖြင့် ကောက်မြုံ ၁ မြုံတွင် (၂)ပင်ခန့်နှင့်စိုက်ပါ။ ၃။ ဓါတ်မြေသြဇာသုံးစွဲနည်း - ဓါတ်မြေသြဇာထည့်သွင်းရာတွင် မြေခံအဖြစ် သုံးစွဲမည့်ဓါတ်မြေသြဇာ၏ (၄၀%)နှုန်းကို ထည့်ရမည်။ အပင်ကြီးထွားချိန်တွင် ဓါတ်မြေသြဇာ များများထည့်ပေးရန် လိုအပ်ပြီး အနှံသန္ဓေတည်ချိန် (ဖုံးတုံး လုံးတုံး) တွင် အပင်အခြေအနေပေါ်မူတည်၍ ထည့်နိုင်သည်။ နို့ရည်ခဲချိန်တွင် လိုအပ်သည့် ဓတ်မြေသြဇာများကို ထပ်ဆောင်း၍ ထည့်ပေးရမည်။ ယူရီးယားနှင့် ကွန်ပေါင်းဓါတ်မြေသြဇာအား (၁)အချိုး (၁)နှုန်းဖြင့် ထည့်ပေးရသည်။ အနှံစုံချိန်တွင် အရွက်များဝါသည့် အခင်းတွင် လိုအပ်သလိုထည့်ပေးရမည်။ ၄။ ရေသွင်းစနစ် - ကောက်မြုံတစ်မြုံတွင် ပင်ပွား (၉-၁-) ပင်ရှိချိန်တွင် ပင်ပွားနှုန်းရပ်တန့်စေရန် အနှံတည်စေခြင်းကို အားပေးရန်နှင့် အနှံရင့်မည့်ချိန်တွင် အပင်ယိုင်လဲမှုဒဏ်မှကာကွယ်နိုင်ရန်တို့အတွက် စပါးခင်းအား ရေခမ်းအောင် လုပ်ပေးရမည်။ အနှံရင့်မှည့်ချိန်တွင် ရေမခမ်းအောင် သတိထားရမည်။ ၅။ ပိုးမွားရောဂါကာကွယ်နှိမ်နှင်းခြင်း - ပေါင်းမြက်များ ကင်းစင်အောင် သတိပြုရမည်။ ပိုမွှားရောဂါများ မကျရောက်မှီ ကြိုတင်ကာကွယ်နှိမ်နှင်းခြင်းက ပို၍ထိရောက်သောကြောင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုများ ဆောင်ရွက်ရမည်။ အထူးသဖြင့် စပါးရွက်ခြောက်ရောဂါ၊ စပါးမှိုသီးရောဂါ၊ စပါးရွက်လိပ်ပိုး၊ ကြက်သွန်မြိတ်ပိုး၊ အပင်ညိုးရောဂါ၊ ဘီအယ်ဘီ၊ ဘီအယ်အက်စ် ဘတ်တီးရိယားရောဂါနှင့် မှိုရောဂါများကို ကြိုတင်ကာကွယ်ထားရမည်။ ၆။ မရိတ်သိမ်းမှီ (၇) ရက်အလိုတွင် ရေထုတ်ထားရမည်။ အထူးသတိပြုရန် --------------------- ၁။ အတုအပကို သတိပြုရန် အိတ်တွင်ပါဝင်သော အမှတ်တံဆိပ်ကို သေချာစွာစစ်ဆေးပါ။ ၂။ စပ်မျိုးစပါးဖြစ်သဖြင့် မျိုးချန်၍ မရနိုင်ပါ။ ၃။ ပျိုးထောင်၍ စိုက်ပျိုးပါ။ ၄။ ကုမ္ပဏီဘက်မှ မျိုးစေ့မှန်မှု၊ မျိုးစေ့သန့်စင်မှု၊ အပင်ပေါက်နှုန်းတို့ကိုသာ တာဝန်ယူပါသည်။ ၅။ မျိုးစေ့များကို အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ အာမခံကာလ (၆)လရှိသည်။ ၆။ ပျိုးမထောင်မှီ အစေ့ (၁၀၀)အား မျိုးညှောင့်ဖောက်၍ စစ်ဆေးပါ။ ရုံးလိပ်စာ ----------- မန္တလေးရုံး အမှတ် (ယုဇန- ၁+၂) ဒုတိယထပ်၊ ၃၁လမ်းနှင့် ၇၈လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး၊ ဖုန်း ၀၂-၄၀၆၆၆၊ ၀၂-၄၀၃၃၉၉၆။ နေပြည်တော်ရုံး - ချိုင်းရွာအနောက်ဘက်၊ နေပြည်တော်ကောင်စီလမ်းမကြီးဘေး။ ဖုန်း- ၀၉ ၄၀၃၃၃၃၉၇၀။
ဆက်စပ်မေးခွန်းများ
GW11စိုက်ပျိူးနည်း။မြေသြဇာကျွေးနည်းပိုးသတ်ဆေးသုံးနည်းရှင်းပြပေးပါဆရာသမားတို့။
ဖြေကြားချက် 2 ခု
ဆရာ ညီကိုတို့လယ်ဧက တိုင်းတဲ့appက တိုင်းပီးပုံပါအတိုင်း မီတာတို့ စကွဲမီတာတို့နဲ့ပြနေတာ နားမလည်လို့ ဧကဘယ်လိုပြန်...
ဖြေကြားချက် 8 ခု
စပါးမျိူးစေ့ချစီတာဗူးဘယ်မှာဝယ်လို့ရလဲဘလောက်လောပေးရမလဲ
ဖြေကြားချက် 1 ခု
စပါးပင်တွေကြားပေါင်းပင်တွေရှိနေလျှင် ပုလဲမြေဆီ ကို ကျွေးသင့်မကျွေးသင့် ပြောပေးပါခင်မျာ။
ဖြေကြားချက် 13 ခု
ဆရာသမားများခင်မျာ။ကျွန်တော်၏စပါးခင်းသည် ပုံပါထဲကအတိုင်း အချို့အရွက်များအဖျားခြောက်ပြီး အချိုးအရွက်များမှာ ဘေး...
ဖြေကြားချက် 12 ခု