အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
11,747
လွန်ခဲ့သော ၃ နှစ် က · ပွင့်ဖြူ

ဆရာသမားများခင်မျာ။ကျွန်တော်၏စပါးခင်းသည် ပုံပါထဲကအတိုင်း အချို့အရွက်များအဖျား‌ခြောက်ပြီး အချိုးအရွက်များမှာ ဘေး...

ဆရာသမားများခင်မျာ။ကျွန်တော်၏စပါးခင်းသည် ပုံပါထဲကအတိုင်း အချို့အရွက်များအဖျား‌ခြောက်ပြီး အချိုးအရွက်များမှာ ဘေးတွင်ခြောက်နေပါသည်။ရောဂါပိုးလား။အဟာရလိုအပ်တာလားဆိုတာ ဖြေကြားကေးပါခင်များ။ မှတ်ချက်။ ။ထိုလယ်ကွက်သည် ရေအမြဲရှိနေသောလယ်ကွက်ဖြစ်ပါသည်ခင်မျာ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ စပါး စပါးရွက်ဖုံးပုပ်ရောဂါ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၁၂ ခု

11,747 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အရွက်ထိပ်မှာ အစက်ပြောက်များမရှိပါဘူးခင်မျ။

11,747 လွန်ခဲ့သော ၃ နှစ် က

@ဒို့ဦးလေး ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ရေအကြာကြီးထည့်ထားရင် ​အမြစ်​တွေ ​ရေပူ/တမန်းပူ ​လောင်တတ်ပါတယ်။ ​ရေကို သွင်းလိုက် ထုတ်လိုက် ကြိုက်ပါတယ်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

အမြစ်​တွေပုပ်​နေပါတယ်၊ရွက်ဖုံး​တွေလဲ ပုပ်​နေပါတယ်။ ​ရေ​တွေ အကုန်ထုတ်ပြီးမှိုသတ်​ဆေး ဖျန်းပါ။ ဒိုင်ဖီနိုကိုနာဇိုး+အဇိုဇီစထိုဘင် အတွဲဖျန်းပါ။ သို့မဟုတ် ဖို့စတိုင်းအလူမိနိယံ နုန်းအမြင့်နဲ့(1ပုံး/100 gm)ဖျန်းပါ

11,747 လွန်ခဲ့သော ၃ နှစ် က

အမြစ်ပုံပါဆရာ။ဆက်လက်အကြံပြုပေးပါ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

အရင်ဆုံး ​မေးခွန်းကို ပြည့်စုံစွာ ​မေး​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်။ မှတ်ချက် ​လေး​ဖော်ပြတာ အဓိက အချက်ပါ။ စပါးပင်က ​ရေကြိုက်တဲ့အပင်မှန်​ပေမယ့် အမြစ်ဇုံမှာ ​ရေအမြဲရှိ​နေရင် ​အောက်ဆီဂျင်ငတ်တဲ့အတွက် ၊​မြေထဲမှာ ဓါတ်​ပြောင်းလဲမှု​တွေဖြစ်​စေပါတယ်။ အထူးသဖြင့် Fe,Al​တွေ အရည်​ပျော်​​စေပြီး H ion​တွေများ​စေပါတယ်။ ဒီလိုအ​ခြေအ​နေမှာ စပါးအမြစ်​မွှေး​တွေ ရဲပြီး သံဆိပ်သင့်တတ်ပါတယ်။ သံဆိပ်သင့်ရင့် အရွက်ဖျား ဝါမယ်။အဖျား​ခြောက်မယ်။အပင်မတက်ဘူး (ပိုတက်ချို့တဲ့ လက္ခဏာနဲ့အတူတူ) -​ရေထုတ်ပါ -ဂျစ်ဆန်/ပိုတက်စီယံ ထည့်ပါ။

11,747 လွန်ခဲ့သော ၃ နှစ် က

@မဆုမြတ်နိုး ကျေးဇူးပါဗျ။

193,301 လွန်ခဲ့သော ၃ နှစ် က
193,301 လွန်ခဲ့သော ၃ နှစ် က
193,301 လွန်ခဲ့သော ၃ နှစ် က

https://greenwaymyanmar.com/posts/Rice_Bacterial_Leaf_Blight_Potassium%20Deficiency_Bacterial_Leaf_streaks_Symptoms_and_Solving ဒီဆောင်းပါးလေးနဲ့ တိုက်ကြည့်လို့ရပါတယ်

193,301 လွန်ခဲ့သော ၃ နှစ် က

စပါးရွက်ထိပ်မှာအစက်အပြောက်လေးတွေရှိလားရှင့် ရွက်အောက်ဆုံးထိမခြောက်ဘူးဆိုရင်တော့ ပိုတက်ဆီယမ်ချို့တဲ့တာဖြစ်နိုင်ပါတယ်။

11,747 လွန်ခဲ့သော ၃ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။