အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
348
လွန်ခဲ့သော ၃ နှစ် က · သုံးခွ

Gypsum ကျောက်မှုန့်က စပါးချိန်နှင့် ပဲချိန် ဘယ်အချိန်မှာ အသုံးပြုတာက ဘယ်စိုက်ပျိုးရာသီအတွက် ပိုသင့်တော်ပါသလဲ...

Gypsum ကျောက်မှုန့်က စပါးချိန်နှင့် ပဲချိန် ဘယ်အချိန်မှာ အသုံးပြုတာက ဘယ်စိုက်ပျိုးရာသီအတွက် ပိုသင့်တော်ပါသလဲ ဖြေပေးပါအုန်းရှင့် လယ်သမားတွေကို သေချာလေးရှင်းပြချင် သိစေချင်လို့ပါ။

မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၇ ခု

1,973 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေကြီးရဲ့ မြေချဉ်မြေငံ သိမှ သုံးတာပိုကောင်းမယ် ph5/6/7 မသုံးသင့်ပါ 8/9/မှ သုံးသင့်ပါသည်

348 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါ ဆရာရှင့် ကျေးဇူးပါနော်

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

မိမိမြေရဲ့ pH အပေါ် မူတည်ပြီး သုံးရန်လိုပြီး စပါးနှင့် ပဲချိန်ဆိုပါလျင် ပဲချိန်တွင် မသုံးဘဲ စပါးတွင်သာ သုံးသင့်ပါတယ်

348 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါဆရာ သေချာနားလည်ပါပြီ ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

​ဂျစ်ဆန် ထည့်ခြင်းဟာ ဂျစ်ဆန်ထဲမှာ..ကယ်လ်စီယံနဲ့ဆာလဖိတ် ၂၄:၁၇ ပါဝင်လို့ စိုက်ပျိုး​မြေတွေကို မပျက်စီး​အောင်ထိန်း​ပေးပါတယ်။ ​မေးခွန်းအရ, ဘယ်အချိန်ထည့်တာက ပိုအကျိုးရှိသလဲ ဆိုရင်, မိုးစပါးစိုက်ဖို့ ​မြေပြင်စဥ်ကတည်းက ထည့်ခဲ့ရင် ပို​ကောင်းပါတယ်။ ​မြေထဲမှာ အစိုဓါတ်ပြည့်ဝမှ ထည့်လိုက်တဲ့ ဂျစ်ဆန်နဲ့ ​မြေကြီးထဲက ဓါတ်သတ္တု​တွေ ဓါတ်တိုးဓါတ်​လျေ္ာလုပ်နိုင်မှာမို့ပါ။ ထိုနည်း၄င်းပါဘဲ, ​မြေချဥ်လို့ ထုံးထည့်ပြီး ပြင်ချင်တယ်ဆိုရင်လည်း၊ မိုးရာသီကတည်းက လိုအပ်တဲ့ထုံးပမာဏကို ထည့်ခဲ့ရမှာပါ။ ဒါ​တောင် pH အရမ်းနိမ့်ရင် ၃/၄နှစ် ဆက်တိုက်ထည့်ရပါတယ်။

348 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါဆရာ သုံးခွနယ်မြေကပါ ဒီဘက်က လယ်သမားတွေက ပဲရာသီအချိန်မှ ကျောက်မှုန့်သုံးကြလို့ပါ စပါးအချိန်ကျရင် မြေဆီတွေဘဲသုံးကြပါတယ် ကျောက်မှုန့်ရဲ့ အာနိသင်အပြည့်၀ရချင်ရင် ဘယ်အချိန်မှာ သုံးရင် ပိုထိရောက်မလဲ သိချင်တာပါ မြေချဉ်ငံ အကြောင်းအရာတွေလဲ သိရှိထားပါတယ် ဆရာ

1,973 လွန်ခဲ့သော ၃ နှစ် က

မိုးများဒေသ ဖြစ်တဲ့ မြစ်ဝကျွန်းပေါ် ဆိုရင် မသုံးသင့်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။