ဦးလေးဆရာတို့ရေ အပင်ရောဂါဖြစ်နေတာလေးတွေများနေတော့ သိချင်နေတာလေးတွေလည်းများနေတယ်ဗျာ အဲ့တော့ အမေးထူတယ်လို့မထင်...
ဦးလေးဆရာတို့ရေ အပင်ရောဂါဖြစ်နေတာလေးတွေများနေတော့ သိချင်နေတာလေးတွေလည်းများနေတယ်ဗျာ အဲ့တော့ အမေးထူတယ်လို့မထင်လိုက်ပါနဲ့ မေးပါရစေဗျ အရင်တစ်ခါငရုတ်ပင်အရွက်တွေလိပ်ပြီး ဦးလေးဆရာတို့ပြောတဲ့ အဘာမက်တင်နဲ့အဆီတာမီပရစ် နှစ်မျိုးရောစပ်တစ်ပတ်ဖျန်းပြီး အပင်အရွက်တွေက သိသိသာသာတော့ ပြန်ကောင်းမလာသေးပေမယ့် နည်းနည်းကလေးတော့ အရွက်လေးတွေပြန့်လာတယ်ဗျ ဖျန်းပြီးတာလည်း ၄ရက်လောက်ပဲရှိပါသေးတယ် အခုတစ်ခါ တစ်ပတ်လောက်ကြာရင် အရွက်တွေက အားလုံးမကောင်းသေးတော့ အရွက်လိပ်ပိုးအတွက်ကိုပဲ ပထမတစ်ခါ ဖျန်းတဲ့ဆေးနဲ့မတူအောင် ဘယ်ဆေးတွေဖျန်းပြီးဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပြပေးပါအုံး ဗျ