ဖြေကြားချက် ၂ ခု
ကျွန်းစေ့မျိုးကောင်း ကျွန်းစေ့မျိုးကောင်းရဖို့ဆိုရင် အပင်သက်တမ်းအလယ်အလတ်ရှိတဲ့ (၁၀ နှစ်အထက်) ကျွန်းပင်တွေက သဘာဝအတိုင်ကြွေကျတဲ့အသီးမှသာ ကျွန်းပင်ဖောက်တဲ့အခါ အောင်မြင်မှုပိုများပါတယ်။ သက်တမ်းနုတဲ့ကျွန်းပင်ကမျိုးစေ့ဆိုရင် ပေါက်နှုန်းမကောင်းသလို အပင်အရည်အသွေးလည်းညံ့ပါတယ်။ ပင်စည် ဖြောင့်ဖြောင့်၊ လုံးပတ်ဝိုင်းဝိုင်း မိခင်ကျွန်းပင်ကအစေ့မျိုးဆို ပိုကောင်းပါတယ်။ ဗန်းမော်၊ ကသာဖက်က ကျွန်းပင်တွေကျတော့ ကျွန်းဝလုံးလို့ပြောရ လောက်အောင် ဝိုင်းစက်နေတတ်ပါတယ်။ ပြည်ဖက်က ရွှေကျွန်းတော ကျွန်းမျိုးဆိုတာလည်း နာမည်ကြီးပါတယ်။ အုတ်အတွင်းအနောက် ပဲခူးရိုးမ ကျွန်းမျိုးလည်း ကောင်းပါတယ်။ ဒါကြောင့် ကျွန်းမျိုးစေ့ကောင်းရဖို့ဆိုရင် စိတ်ကြိုက်အပင်တွေဆီက ကိုယ်တိုင်ရှာဖွေ စုဆောင်းနိုင်ရင်စုဆောင်းရပါမယ်။ တဆင့်ဝယ်မယ်ဆိုရင်လည်း အာမခံချက်ရှိပြီး ကျွမ်းကျင်တဲ့ မျိုးစေ့စုဆောင်း ရောင်းချသူများဆီက ဝယ်နိုင်အောင် ကြိုးစားပါ။ သစ်တောဌာန ကျွန်းသစ်စေ့ ထုတ်ခြံလို နေရာမျိုးတွေနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ အပင်ဖောက်ခြင်း ကျွန်းစေ့ကြွေကျပြီးပြီးချင်းမှာ အပင်ဖောက်မယ်ဆိုရင် အထဲကအစေ့ဆံဟာ အပင်ပေါက်လာဖို့ အလုပ်မလုပ်သေးတဲ့အတွက် အချိန်ပိုကြာနိုင်ပါတယ်။ ဒါမှမဟုတ် အစေ့တွေ အလဟသ ဖြစ်ကုန်ပါလိမ့်မယ်။ ထို့ကြောင့် အပင်ကကြွေ ပြီး သုံးလကျော်လောက်သက်တမ်းရှိတဲ့ ကျွန်းစေ့ကိုသာ မျိုးဖောက်ပါ။ စုဆောင်းရလာတဲ့ ကျွန်းစေ့တွေကို သန့်ရှင်းရေးလုပ်ပါ။ ပြီးရင်တော့ အလုံးအဖန်လှပြီး အဝန်းကောင်းတဲ့ အစေ့တွေကို စနစ်တကျရွေးချယ်ပါ။ အလှေးအမွှား အဖျင်းအမှော်တွေ ဖယ်ပစ်ပါ။ ဒါပေမယ့် လွှင့်မပစ်ပဲ ရေမစိုမခြောက်နေရာမှာ ဖြန့်ခင်းပစ်ထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ပယ်တဲ့ထဲက အပင်ပြန်ပေါက်ပါသေးတယ်။ ဒီလိုသန့်စင် ရွေးချယ်ပြီးသား ကျွန်းသစ်စေ့တွေကို တစ်ညရေစိမ် တစ်နေ့နေလှမ်း (နေ့ခင်းမှာ နေလှန်း၊ ညခင်းမှာ ရေစိမ်) စသည်ဖြင့် ဒီနည်းစဉ်အတိုင်း ၂ ပတ် (၁၄ ရက်) ကျော်လောက် လုပ်ရပါမယ်။ ဒါပေမယ့် အညှောင့်ထွက်လာဦးမှာမဟုတ်ပါဘူး။ အဲ့လို ၂ ပတ်လောက် ရေစိမ် နေလှမ်းလုပ်ထားတဲ့ ကျွန်းစေ့တွေကို ပျိုးခုံပေါ်တင်ရပါမယ်။ သဲကြမ်းနဲ့ ဖွဲပြာ ဆတူရောထားတဲ့ ပျိုးခုံပေါ်ကို အစေ့တွေ တစ်စေ့နဲ့တစ်စေ့ မထပ်အောင် ဖြန့်ခင်းပါ။ နောက် ဖွဲပြာ ၁ လက်မ ကျွန်းစေ့တွေပေါ်က အုပ်ပေးပါ။ ဖွဲပြာသုံးရတဲ့အကြောင်းရင်းက ဖွဲပြာက အဆွေးမြန်စေတဲ့ဂုဏ်သတ္တိရှိလို့ပါ။ ကွမ်းသီးတွေ အပင်ဖောက်ရင် ဒီနည်းလည်းသုံးပါတယ်။ တချို့ကျတော့ ကျွန်းစေ့တွေမြန်မြန်အပင်ပေါက်အောင် ခြတောင်ပို့ထဲထည့်ပြီး အပေါ်ခွံပါးသွား အောင် စားခိုင်းပစ်ပါတယ်။ အဲ့နည်းကတော့ နည်းမှားတယ်လို့ထင်ပါတယ်။ ထို့အတွက် ပျိုးခုံပေါ်တင်ပြီး ဖွဲပြာပါးပါးအုပ်ထားတဲ့ မျိုစေ့တွေပေါ် ညနေခင်းမှာ ရေတောက်လျှောက်လိုက်ပေးပါ။ ၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ အညှောင့် ပေါက်ပါလိမ့်မယ်။ ဒီတော့မှ ပျိုးထောင်အိတ်ထဲ ပြောင်းထည့်ပြီး ပုံမှန်သစ်ပင်တွေပျိုးသလို ရေလောင်းပြုစု လုပ်သွားရုံပါပဲ။ Credit-Original uploader
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လျှော်ဖြူကတကယ်ရောဈေးကွက်ရှိသလားဗျသိသူများအလင်းပြပေးပါခင်ဗျ
ဖြေကြားချက် 5 ခု
မန်ဂျန်ရှား စိုက်ပျိုးနည်း အပင်ပြုစုထိန်းသိမ်းနည်းနှင့်အသုံးဝင်ပုံ
ဖြေကြားချက် 1 ခု
လျှော်ဖြူစိုက်ပျိုးနည်းလေးတင်ပေးပါအုံးဘယ်လိုစပြီးစိုက်ရမလဲဆိုတာရယ် / အပင်အတွက်ဘာမြေသြာဇာအသုံးပြရမလဲမေးချင်ပါ...
ဖြေကြားချက် 1 ခု
ရုပ်သံအစီအစဉ်ကိုဘယ်လိုကြည့်ရမလဲ
ဖြေကြားချက် 1 ခု
လျှော်ဖြူစိုက်နည်းစနစ်လေးရှင်းပြပါလား ခင်ဗျာ့
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ