အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
467
လွန်ခဲ့သော ၈ နှစ် က · ကန့်ဘလူ

နွားဝမ်လျှေားတာကျာနေပီဗျမပြောက်ဘူးဖြစ်နေပါတယ် ကျနော့ခိုင်နွားကြီပါ ပြောက်မဲ့ဆေးလေးညွှန်ပေါးပါဗျ ကျေးဇူပါ ကူညီ...

နွားဝမ်လျှေားတာကျာနေပီဗျမပြောက်ဘူးဖြစ်နေပါတယ် ကျနော့ခိုင်နွားကြီပါ ပြောက်မဲ့ဆေးလေးညွှန်ပေါးပါဗျ ကျေးဇူပါ ကူညီပေးပါဗျ

ကျန်းမာရေး နွား
3

ဖြေကြားချက် ၃ ခု

467 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါဗျ

1,451 လွန်ခဲ့သော ၈ နှစ် က

ကောက်ညှင်းဆန်ကို ရေစိမ် ဝါးကျည်တောက်နဲ့ထည့်ခါတိုက်ပါ။ ဆန်ကြီးပဲဆိုတိုက်ရတာခက်မည်။ စိမ်ထားခဲ့တဲ့ဆန်ဆေးရည်နဲ့သင့်တော်ရုံ ထည့်ပီးတိုက်ကျွေးပါ။ဝမ်းထပ်မသွားက ထပ်တိုက်ရန်မလိုအပ်ပါ။သို့သော် အစာနုကိုသာစကျွေးပါ။လူလိုပေါ့ဗျာ။

640 လွန်ခဲ့သော ၈ နှစ် က

ဝမ်းသွားစဉ်မှာ ခြောက်သွေ့တဲ့အစာများကိုသာ ကျွေးပါ။ ဝမ်းလျှောနေစဉ်မှာ ကိုယ်ခန္ဓာအတွင်းမှ ရေများဆုံးပါသွားခြင်းကြောင့် ရေကိုဂရုစိုက်တိုက်ကျွေးပါ။ ဝမ်းလျှောရက် ၃ ရက်ခန့်ကြာသွားပါက ကိုယ်တွင်းမှ ရေခမ်းပြီး မေ့မျောတက်သည်။ သေသည်အထိလည်းဖြစ်နိုင်သည်။ (၁) ရေတစ်လီတာတွင် ဆားလ္ဘက်ရည်ဇွန်းတစ်ဇွန်း၊ သကြား လ္ဘက်ရည် ဇွန်း ၄ ဇွန်း ဖျော်ပြီး ဝမ်းလျောနေသည့် ကာလတစ်လျှောက်လုံး တစ်ရက်လျှင် ၂ ကြိမ် ၃ကြိမ် တိုက်ကျွေးပါ။ (၂) လ္ဘက်၇ည်ကြမ်းကျကျ တစ်လီတာတွင် ဂျင်းတက်(၂) ကျပ်သားကို ထောင်းပြီးဖျော်ပါ။ ထိုဂျင်းနှင့် လ္ဘက်ရည်ကို တစ်ရက် (၂) ကြိမ် ၃ရက်ဆက်တိုက် တိုက်ပေးပါ။ (၃) အုန်းစိမ်းရည် လီတာဝက်မှ တစ်လီတာကို တစ်ရက် (၂) ကြိမ် တိုက်ပါ။ ဝမ်းလျောရပ်သွားသည့်အထိ တိုက်ပါ (၄) မာလကာရွက်(၃၀) ကျပ်သားကို ရေ(၂) လီတာ နှင့်ပြုတ်ပြီး ထိုပြုတ်ရည်ကို တစ်ရက်(၂) တိုက်ပါ။ တစ်ရက်မှ သုံးရက်အထိ ဆက်တိုက်ပါ (၅) အုန်းမီးခွံသွေး တစ်ဆကို ရေ(၅)ဆဖြင့်ဖျော်ပြီး တစ်ရက် ၃ကြိမ် ၃ ရက်ဆက်တိုက်ပါ။ (၆) ကြက်ဟင်းခါးသီးတစ်ကျပ်သား၊ ကြက်ဟင်းခါးမြစ်တစ် ကျပ်သားကို ရောထောင်းပြီး ရရှိသည့်အရည်ကို အုန်းစိမ်း တစ်လီတာနှင့်ဖျော်ပြီး (၃) ရက်ဆက်တိုက်ကျွေးပါ။ဦးဖရက်သိန်းဖေရေးသားသော ကျွဲ၊နွား၊သိုး၊ဆိတ် ရေဂါရိုးရာကုထုံးများစာအုပ်မှ ထုတ်နုတ်ဖြေဆိုသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။