တေဇ
တောင်သူ · ပေါင်
ယခုမှ နှမ်းစတင် စိုက်ပျိုးမည့်သူဟာ နှမ်းစိုက်ပျိုးနည်းစနစ်အားလုံးကို ကောင်းစွာသိရှိထားဖို့ လိုပါသည်။ နေရာဒေသကို လိုက်ပြီး စိုက်ပျိုးမှုပုံစံတခုနှင့် တခုကွဲပြားပါသည်။ စတင်စိုက်ပျိုးသည့် အချိန်ဟာ အရေးကြီးဆုံး အချိန်ပါ။ တောင်သူဟာ ညံ့ဖျင်းနေတဲ့ နှမ်းပင်များမှ အထွက်နှုန်းကောင်းအောင် ပြန်စိုက်ပျိုးတာကလွဲလို့ တခြားဘာမှ လုပ်လို့မရနိုင်ပါ။ နှမ်းစိုက်ပျိုးခြင်းဟာ နှမ်းပင်ကို ပေါင်းပင်များထက် အလင်းရောင်၊ အစိုဓါတ်နှင့် အာဟာရများ ပိုမိုရရှိစေကာ သန်စွမ်းသော အပင်ဖြစ်ရန် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အတွေ့အကြုံနှင့် ပညာအရည်အချင်းရှိပါက ပိုမိုအောင်မြင်မည်ဖြစ်သည်။ တောင်သူဟာ တစ်ကြိမ်မှာ စိုက်ပျိုးရေး သဘောတရားများ လက်ခံရရှိသွားပြီဆိုပါက သီးနှံများလည်း ဖြစ်ထွန်းအောင်မြင်မည်။ ယုံကြည်မှု များလည်းရရှိကာ နည်းပညာနောက် တကောက်ကောက်လိုက်ပြီး မိမိစိုက်ခင်း၏ အပူချိန်၊ အစိုဓါတ် စသည်တို့ကို ပိုမိုဂရုစိုက်မိမည် ဖြစ်သည်။ အပူချိန်လိုအပ်ချက် နှမ်းစေ့အပင်ပေါက်ရန် မနက်ခင်းပိုင်း မြေဆီလွှာအပူချိန်ဟာ အနည်ဆုံး(မြေမျက်နှာပြင်အောက် ၁လက်မ အနက်တွင်) ၂၀ ဒီဂရီစင်တီဂရိတ် ရှိဖို့လိုအပ်ပါတယ်။ နှမ်းပင်သက်တမ်းတလျှောက် ညပိုင်းအပူချိန်ဟာ ၄ ဒီဂရီစင်တီ ဂရိတ်အောက် ကျနေမယ်ဆိုရင် အထွက်နှုန်းမကောင်းနိုင်ပါ။ ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်ခ်မှာ လေ့လာပေးပါခင်ဗျာ https://greenwaymyanmar.com/posts/sesame
နှမ်း ကိုဘယ်ချိန်မှာ စိုက်သင့်လ ဲလယ်နှင့်ကုန်းမြေပါပီတော့ဘာမျိုးစိုက်သင့်လဲဗျ ပြောပေးကြပါဆရာတို့
ဝမ်းသွားစဉ်မှာ ခြောက်သွေ့တဲ့အစာများကိုသာ ကျွေးပါ။ ဝမ်းလျှောနေစဉ်မှာ ကိုယ်ခန္ဓာအတွင်းမှ ရေများဆုံးပါသွားခြင်းကြောင့် ရေကိုဂရုစိုက်တိုက်ကျွေးပါ။ ဝမ်းလျှောရက် ၃ ရက်ခန့်ကြာသွားပါက ကိုယ်တွင်းမှ ရေခမ်းပြီး မေ့မျောတက်သည်။ သေသည်အထိလည်းဖြစ်နိုင်သည်။ (၁) ရေတစ်လီတာတွင် ဆားလ္ဘက်ရည်ဇွန်းတစ်ဇွန်း၊ သကြား လ္ဘက်ရည် ဇွန်း ၄ ဇွန်း ဖျော်ပြီး ဝမ်းလျောနေသည့် ကာလတစ်လျှောက်လုံး တစ်ရက်လျှင် ၂ ကြိမ် ၃ကြိမ် တိုက်ကျွေးပါ။ (၂) လ္ဘက်၇ည်ကြမ်းကျကျ တစ်လီတာတွင် ဂျင်းတက်(၂) ကျပ်သားကို ထောင်းပြီးဖျော်ပါ။ ထိုဂျင်းနှင့် လ္ဘက်ရည်ကို တစ်ရက် (၂) ကြိမ် ၃ရက်ဆက်တိုက် တိုက်ပေးပါ။ (၃) အုန်းစိမ်းရည် လီတာဝက်မှ တစ်လီတာကို တစ်ရက် (၂) ကြိမ် တိုက်ပါ။ ဝမ်းလျောရပ်သွားသည့်အထိ တိုက်ပါ (၄) မာလကာရွက်(၃၀) ကျပ်သားကို ရေ(၂) လီတာ နှင့်ပြုတ်ပြီး ထိုပြုတ်ရည်ကို တစ်ရက်(၂) တိုက်ပါ။ တစ်ရက်မှ သုံးရက်အထိ ဆက်တိုက်ပါ (၅) အုန်းမီးခွံသွေး တစ်ဆကို ရေ(၅)ဆဖြင့်ဖျော်ပြီး တစ်ရက် ၃ကြိမ် ၃ ရက်ဆက်တိုက်ပါ။ (၆) ကြက်ဟင်းခါးသီးတစ်ကျပ်သား၊ ကြက်ဟင်းခါးမြစ်တစ် ကျပ်သားကို ရောထောင်းပြီး ရရှိသည့်အရည်ကို အုန်းစိမ်း တစ်လီတာနှင့်ဖျော်ပြီး (၃) ရက်ဆက်တိုက်ကျွေးပါ။ဦးဖရက်သိန်းဖေရေးသားသော ကျွဲ၊နွား၊သိုး၊ဆိတ် ရေဂါရိုးရာကုထုံးများစာအုပ်မှ ထုတ်နုတ်ဖြေဆိုသည်။
နွားဝမ်လျှေားတာကျာနေပီဗျမပြောက်ဘူးဖြစ်နေပါတယ် ကျနော့ခိုင်နွားကြီပါ ပြောက်မဲ့ဆေးလေးညွှန်ပေါးပါဗျ ကျေးဇူပါ ကူညီပေးပါဗျ
ဝမ်းသွားစဉ်မှာ ခြောက်သွေ့တဲ့အစာများကိုသာ ကျွေးပါ။ ဝမ်းလျှောနေစဉ်မှာ ကိုယ်ခန္ဓာအတွင်းမှ ရေများဆုံးပါသွားခြင်းကြောင့် ရေကိုဂရုစိုက်တိုက်ကျွေးပါ။ ဝမ်းလျှောရက် ၃ ရက်ခန့်ကြာသွားပါက ကိုယ်တွင်းမှ ရေခမ်းပြီး မေ့မျောတက်သည်။ သေသည်အထိလည်းဖြစ်နိုင်သည်။ (၁) ရေတစ်လီတာတွင် ဆားလ္ဘက်ရည်ဇွန်းတစ်ဇွန်း၊ သကြား လ္ဘက်ရည် ဇွန်း ၄ ဇွန်း ဖျော်ပြီး ဝမ်းလျောနေသည့် ကာလတစ်လျှောက်လုံး တစ်ရက်လျှင် ၂ ကြိမ် ၃ကြိမ် တိုက်ကျွေးပါ။ (၂) လ္ဘက်၇ည်ကြမ်းကျကျ တစ်လီတာတွင် ဂျင်းတက်(၂) ကျပ်သားကို ထောင်းပြီးဖျော်ပါ။ ထိုဂျင်းနှင့် လ္ဘက်ရည်ကို တစ်ရက် (၂) ကြိမ် ၃ရက်ဆက်တိုက် တိုက်ပေးပါ။ (၃) အုန်းစိမ်းရည် လီတာဝက်မှ တစ်လီတာကို တစ်ရက် (၂) ကြိမ် တိုက်ပါ။ ဝမ်းလျောရပ်သွားသည့်အထိ တိုက်ပါ (၄) မာလကာရွက်(၃၀) ကျပ်သားကို ရေ(၂) လီတာ နှင့်ပြုတ်ပြီး ထိုပြုတ်ရည်ကို တစ်ရက်(၂) တိုက်ပါ။ တစ်ရက်မှ သုံးရက်အထိ ဆက်တိုက်ပါ (၅) အုန်းမီးခွံသွေး တစ်ဆကို ရေ(၅)ဆဖြင့်ဖျော်ပြီး တစ်ရက် ၃ကြိမ် ၃ ရက်ဆက်တိုက်ပါ။ (၆) ကြက်ဟင်းခါးသီးတစ်ကျပ်သား၊ ကြက်ဟင်းခါးမြစ်တစ် ကျပ်သားကို ရောထောင်းပြီး ရရှိသည့်အရည်ကို အုန်းစိမ်း တစ်လီတာနှင့်ဖျော်ပြီး (၃) ရက်ဆက်တိုက်ကျွေးပါ။ဦးဖရက်သိန်းဖေရေးသားသော ကျွဲ၊နွား၊သိုး၊ဆိတ် ရေဂါရိုးရာကုထုံးများစာအုပ်မှ ထုတ်နုတ်ဖြေဆိုသည်။
နွားဝမ်းလျှေားတာ ဘယ်လိုလုတ်ရမလဲဗျ
ခရုကတော့စပါးမှာပဲ အဓိကဖျက်နေပါတယ် ပိန်းပင်တွေမှာတော့ ဆိုးဆိုးရွားရွားမကြားဖူးသေးပါ
မြန်မာနိုင်ငံမှာ ခရုဖျက်ဆီးခံရတာဟာ စပါးတခုထဲပဲရှိတာလား တခြားပိန်းပင်ဘာညာများမှာရော ကျရောက်ဖျက်ဆီးမှုများရှိနေပါသလားသိပါရစေရှင် ပိန်းဥဟာဘယ်ဒေသတွေမှာစိုက်ပျိုးမှုအများဆုံးကိုလည်းသိရှိသူများရှိလျှင် ပြောပြပေးပါရှင့်
ဓာတ်ပုံရိုက်တင်ပေးပါ
အိမ်တွင်စိုက်ထားသည့်မာလကာသီးပင်၏အရွက်၊ရိုးတံများ တွင်အဖြူရောင်ပိုးကောင်များ နှင့်မိုှကဲ့ သို့အဖြူရောင်ပြင်များဖြစ်နေပါတယ်။ မည်သည့်ရောဂါဖြစ်ပါသလဲ။မည်သည့်ဆေးဖြန်းကာကွယ်ရမလဲ၊သိချင်ပါတယ်။ကျေးဇူးပြု၍ဖြေကြးပေးပါခင်ဗျာ။