ကြက်သွန်နီ တစ်လသားနှင့်တစ်လသားကျော်အရွယ်။ပေါင်းသတ်ဆေးက(၁၅)ရက်သားလောက်က ဖြန်းတာဆိုတော့။ပေါင်းသတ်ဆေးကြောင့်ဒဏ်မ...
ကြက်သွန်နီ တစ်လသားနှင့်တစ်လသားကျော်အရွယ်။ပေါင်းသတ်ဆေးက(၁၅)ရက်သားလောက်က ဖြန်းတာဆိုတော့။ပေါင်းသတ်ဆေးကြောင့်ဒဏ်မပြေသေးတာလား။ရောဂါကြောင့်လားမသိ။အရွက်ဖျားလေးတွေခြောက်နေပါတယ်။အပင်တိုင်းတော့မဟုတ်ပါ။ကြက်သွန်နီ တစ်လ/ကျော် အရွယ် ပေါင်းသတ်ဆေးလွတ်။အလက်သစ် တစ်လက်/နှစ်လက် အများဆုံး ၃-၄လက်ပေါ့။ဒီလိုအရွယ်၊ခုလိုရာသီဥတုမှာ (ဒေါင်းနီး)ရောဂါဆိုတာ ဖြစ်တတ်ပါသလားခင်ဗျ။ဖြစ်တတ်ရင် သုံးရမည့်ဆေး ညွန်ပြအကြံပြုပေးကြပါခင်ဗျ။ေဆးအမျိုးအစား ၂/၃ မျိုးလောက်ပေါ့ခင်ဗျာ။တောရွာဘက်မှာ ဆေးရွေးစရာနည်းလို့ပါ။ဝိစာရကထုတ်တဲ့ ဘင်ဇိုကာ(Chlorothalonil 45.0% + Hexaconazole 3.5% + Cymoxanil 6.5%)တော့ လွန်ခဲ့တဲ့ ၄-ရက်လောက်ကဖြန်းထားပါတယ်။အစိမ်းရောင်လမ်းမှ ညီအစ်ကိုများ/ဆရာ၊မများ/ပညာရှင်များ ကူညီပေးကြပါအုံးဗျာ။