အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,546
လွန်ခဲ့သော ၃ နှစ် က · စစ်ကိုင်း

စိုက်ရက်၁၀ရက်ရှိပါပြီ နွားနို့ဖျန်းပေးရင်အပင်ကောင်းနိင်လား ဆေးတစ်ပုံးနွားနို့ဘယ်​​လောက်ထည့်ရမလဲ ဆိုးကျိုးလည်း...

စိုက်ရက်၁၀ရက်ရှိပါပြီ နွားနို့ဖျန်းပေးရင်အပင်ကောင်းနိင်လား ဆေးတစ်ပုံးနွားနို့ဘယ်​​လောက်ထည့်ရမလဲ ဆိုးကျိုးလည်းရှိနိင်လားဆရာသမားတို့အပင်အဝါပြောက်တွေထနေလို့ပါ

အပင်အာဟာရ ပဲတောင့်ရှည်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၃ နှစ် က

အချို့ သြဂဲနစ်စိုက်ခင်းတွေကမှာတော့ ရွက်ဖြန်းဆေးအနေနဲ့ရော ပိုးမွှားရောဂါဒဏ်ခံနိုင်ရည် မြင့်လာဖို့အတွက်ရော အသုံးပြုကြပါတယ်။ ဒါပေမယ့် သေချာလေ့လာထားတာတော့ မတွေ့ရပါဘူး။ အချိုးအစားကလည်း အတိအကျကြီးတော့ မရှိပါဘူး။ မူရင်း နွားနို့မှာလည်း ဘယ်လောက်စစ်လဲဆိုတာလည်း ရှိပါတယ်။ အချို့ကတော့ ၁အချိုး ၉ နဲ့ စပ်ကြပါတယ်။ အပင်အားရှိဖို့အတွက်ဆိုရင်တော့ နွားနို့အစား ဈေးပိုသက်သာတဲ့ ငါးအမိုင်နိုအက်စစ်လိုမျိုးက အပင်တွက် ပိုကောင်းပါတယ်။ အပင်မှာ အဝါပြောက်တွေကျတာအတွက်တော့ ဓာတ်ပုံရိုက်ပြီး ထပ်မေးပေးပါဗျ။ ပုံမြင်ရမှ ဘာဖြစ်လဲဆိုတာ ပြောပေးနိုင်မှာဖြစ်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။