အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · ကျောက်တန်း

လယ်နဲ့ ငါးတွဲမွေးတာ အဆင်ပြေနိုင့်မလား ငါးကန်ကို လယ်ထဲမှာ ဘယ်လို့ပုံစံ တည်ဆောက်ရမလဲ ဆရာတို့ တစ်ခါမှတော့ မမွေးဗူ...

လယ်နဲ့ ငါးတွဲမွေးတာ အဆင်ပြေနိုင့်မလား ငါးကန်ကို လယ်ထဲမှာ ဘယ်လို့ပုံစံ တည်ဆောက်ရမလဲ ဆရာတို့ တစ်ခါမှတော့ မမွေးဗူပါဘူး ကိုပိုင်စီးပွားရေး လုပ်ချင်လို့ပါ ရှိတာလေး အကြံ /ပညာလေးများပေးပါအုံး ဆရာ/ညီကိုများ

မွေးမြူကန်ပြင်ဆင်ခြင်း

ဖြေကြားချက် ၅ ခု

1,033 လွန်ခဲ့သော ၃ နှစ် က

ရပါပြီခင်ဗျ ကျေးဇူးပါ

1,033 လွန်ခဲ့သော ၃ နှစ် က

ရှာလို့ မရဖြစ်နေတယ်ခင်ဗျ စိတ်ဝင်စားလို့ပါ

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၃ နှစ် က

စပါးခင်းများအတွင်း ငါးမွေးမြူခြင်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

• ပုံမှန်စပါးစိုက်ခင်းတစ်ခုရှိလယ်ယာမြေပြုပြင်ခြင်းထက် ပိုမို၍ ငါးနေငါးထိုင်ကောင်းမွန်စေရန်ပြုလုပ်ပေး ရန်လိုအပ်ပါသည်။ အထူးသဖြင့်စပါးခင်းထဲတွင် ကတုတ်မြောင်းများတူးဖေါ်ထားရန်လိုအပ်ပါသည်။ မြောင်းတူး၍ရသည့်မြေဖြင့် ကန်သင်းဘောင်များပြုလုပ်ပြီး ရေသွင်းရေထုတ်နိုင်ရန် ပိုက်များတပ် ဆင်ထားပါ။ ထိုကဲ့သို့တူးဖေါ်ထားခြင်းအားဖြင့် ရေနည်းသွားသည့်အချိန်များတွင် အဆိုပါမြောင်းများထဲ တွင် ငါးများ နေထိုင်၍ အစာရှာဖွေနိုင်ပြီး ရေထုအပူချိန်မြင့်တက်လာ မှုမှလည်းရှောင်ရှားနိုင်မည်ဖြစ်သလို ငါးများဖမ်းဆီးရာတွင်လည်း အဆိုပါမြောင်းများအားအပိုင်းလိုက်ပိတ်ဆို့၍ ဖမ်းဆီးခြင်းဖြင့်လည်းအချိန် ကုန်သက်သာစေပါသည်။ မြောင်းများ၏အနက်ကို အနည်းဆုံး ၂ ပေမှ ၂ပေခွဲအထိတူးရန်လိုအပ်ပြီး အကျယ်ကိုမူ စပါးစိုက်ခင်းဧရိယာနှင့်မွေးမြူမည့်ငါးအရေအတွက်၊ အရွယ်အစားတို့ပေါ်မူတည်၍ ပြုလုပ်ရန်လိုအပ်ပါတယ်။ အပြည့်အစုံသိရှရန် စပါးငါး​မွေးမြူ​ရေး လို့ရိုက်ရှာပြီးဖတ်ပါ။ •

116 လွန်ခဲ့သော ၃ နှစ် က

3157

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။