ဘာပိုးကြောင့်လဲ ခင်ဗျာ ဘာဆေးသုံးရမလဲကူညီဖြေကြားပေးကြပါဆရာတို့ခင်ဗျာ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၈၀ ရက်
ဆရာဦးမောင်မောင်အေး ရေးထားတာလေးပါရှင့် ပဟေဠိ အဖြေညှိရမဲ့... နွေစပါးခင်းအတွင်းက... ကြီးထွားလာတဲ့ပြဿနာ... ... ~ နွေစပါးမှာ... အပြွတ်လိုက်ကိုအဖျားစွတ်တာ (ဆရာသမားတစ်ဦးက သားဦး အဖတ်မတင်ဟု တင်စားကာပြ) ~ လွန်ခဲ့တဲ့ ၅နှစ်လောက်ကထဲက သီးထပ်ရင်မျိုးမှာ အနည်းအပါး စပြီးတွေ့လာခဲ့တာမှတ်မိကြမှာပါ ~ မျိုးကြောင့်လား(Variety) ... ရာသီဥတုကြောင့်လား(Climate Change) ... အဟာရဓာတ်ချို့တဲ့လို့လား (Soil Fertility) ... စသည်..စသည်နဲ့ပေါ့... ... ~ ဒီနှစ်တော့... နေရာဒေသမရွေး ... အတော်များများ ကြီးထွားလာတဲ့ ပြဿနာ ဘာကိုအဖြေရှာရမလဲ.. ~ လယ်သမားများမှာ ဇဝေဇဝါနဲ့... နှံစုတ်ပိုးလိုလို ဘာလိုလိုနဲ့... ~ မိတ်ဆွေပိုးလည်းသတ်မလိုလုပ်ရဲ့ ~ ပါးစပ်ပေါက် ရောက်ခါနီးမှ ဆိုတော့ ဆေးဖျန်းမယ်လုပ်... ဖျန်းတဲ့သူကလည်း တစ်ဧက ၁၀၀၀၀/-ကျော်သာကုန်... မောင်ပုံ စောင်းမတတ်သလိုဖြစ်.. ~ စပါးတစ်နှံ တစ်စေ့သာ အဖျားစွတ်(Blanking)... ပျမ်းမျှ (၆~၁၀)စေ့သာဆို... တစ်ဧက(၁၂~၂၀)တင်း... ဝင်ငွေ(၆၀၀၀၀~၁၀၀၀၀၀)ကျပ် ဆုံးရှုံးသွားတာ မသိရှာ... မိအေးနှစ်ခါနာတဲ့အဖြစ်... ~ ယဥ်ယဥ်လေးနဲ့ရူးတဲ့ပြဿနာ... သို့လော..သို့လောနဲ့... ~ ဝေဝေဝါးဝါး မမှီမကန်းနဲ့... လှန်လှောရှာကြည့်လိုက်တော့... ~ ဒီနှစ်က အအေးလှိုင်းဖြတ်တဲ့ ပြဿနာ (ငယ်ငယ်တုံးကဆို ဂုန်နီအိတ်စွတ်ပြီးအိပ်ခဲ့ရတာ).. ~ မှို့ကပ်ချိန်လွန် ညအပူချိန်က (12~19°C)... (Pollen is sensitive to low Temperature 7~10 day after panicle initiation. ) ~ အဆံမတည် သိသာစွာမြင်ရတာ ပန်းပွင့်ပြီး(၁၀)ရက်အကြာ... ~ သာမန်နှစ်ဆို ၁၂%ခန့်သာဟု သုတေသီကဆို... ~ ဒီနှစ်ကတော့ ၂၀%အောက်မလျှို ~ ဘယ်လိုကုစားမလဲဆို... Water Management... - အေးတဲ့ရေကိုနွေးလာစေဖို့... - ဖုံးလုံးချိန်မတိုင်မီ ၃ပတ်အလို ဂွရောက်အောင်(၆~၈)လက္မခန့် (၇~၂၁)ရက်အကြာ ရေသာတင် လေထုအပူချိန်ထက် ရေထု အပူချိန်က(၃~၅°)Fအထိ နွေးလာတယ်ဆို့ပါ့... - ဒါဆို အဆံမတည်တာ... 22.2%ကနေ17.8%အထိ အဆံမတည်တာ လျော့ကျလာ တယ်လို့တွေ့ ပါသတဲ့... ~ ဒီလို ညအပူအေးလို့အပြင်... ~ မျိုးနဲ့ မြေဆီလွှာဖွံ့ဖြိုးလာအောင် စီမံပေးနိုင်ရင် အဆံမတည်တာ လျော့ကျနိုင်မယ်လို့ဆိုပါတယ်... (Varity&Fertility Manage ment can also result in varying amounts of Blanking) ~ ကွင်းထဲမှာလည်း မျိုးတစ်မျိုးနဲ့ တစ်မျိုးအဆံမတည်တာကွာခြား သလို ပိုတက်ရှ်သုံးတဲ့သူနဲ့... မသုံးတဲ့သူ(Balance) ကွာတာ လည်းတွေ့ရဆိုတော့... ... ~ Extension သမားမို့... မမှီမကန်းနဲ့ ... တုံးခုပြီးလှမ်းရဆိုတော့.. ~ တတ်သိပညာရှင်များအနေနဲ့... တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးထွားလာတဲ့ပြဿနာကို ဝိုင်းဝန်းအဖြေရှာ(အဖြေသိပြီး လည်းဖြစ်ပါလိမ့်မည်)ပေးနိုင် ပါရန် အဖျားစွတ်တဲ့ ပိုစ့်ကို တင်ပြရခြင်းဖြစ်ပါသည်... ...
ကျေးဇူးပါဆရာခင်ဗျာ
ဆဈပိုးလက်ခဏာနဲ့တူပါတယျဗြ
ဆက်စပ်မေးခွန်းများ
စပါးပင်က အရွက်လိပ်ပြီး အဖျားကပြန်ကောက်ပြီးပင်စည်ကိုပြန်ထိုးနေပါတယ် နီမတုတ်ရောဂါ လို့ပြောကြပါတယ်။ ဘယ်ဆေးကို ဘယ်...
ဖြေကြားချက် 2 ခု
စပါးလင်ပင်ကို ငါးအညှီတို့ ဘာတို့မပတတ်ရဘူးဆိုတာ ဟုတ်လား ငါးအမိုင်နို သုံးလို့မရဘူးလား
ဖြေကြားချက် 1 ခု
မိုးစပါးစိုက်ပျိုးရာတွင်ပေါင်းမြက်နည်းမည်သို့ဆောင်ရွက်ရလဲခဗျ
ဖြေကြားချက် 2 ခု
မြေဇာ ဆင်ငိုမြက်အတွက်ပေါင်းသတ်ဆေးဘာဆေးတွေကောင်းလဲဗျ
ဖြေကြားချက် 1 ခု
gw 1စိုက်မယိစိတ်ကူးထားတယ်မြန်မာနိုင်ငံအလယ်ပိုင်ဒေသကမြစ်ရေတင်ကြီးများနှင့်ဖြစ်ထွန်းလောက်ပါ့မလားဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။