အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,705
လွန်ခဲ့သော ၃ နှစ် က · ပဲခူး

ကွမ်းစိုက်ဖို့အတွက် ဘိုကာချီပြုလုပ်နည်းလေးပြောပေးပါဗျ

မြေဆီလွှာ ကွမ်း
Post image

ဖြေကြားချက် ၅ ခု

1,705 လွန်ခဲ့သော ၃ နှစ် က

တင်လဲရေအစား ထန်းလျှက်အညို ရေထည့်လို့ရလားဝယ်မရလို့ပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ဒီအတ်ုင်းထည့်လို့ရပါတယ်။ တင်လဲရည် ပါရင် ပွားပြီးသားဖြစ်သွားပါတယ်။

1,705 လွန်ခဲ့သော ၃ နှစ် က

Em အပြင်း 5လီတာဆိုတာ ကျတော့မှာလောလောဆည် EM2 5လီတာရှိပါတယ် ပြန်ပွားပြီးထည့်ရမှာလားEm2အတိုင်းပဲထည့်ရမှာလားဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ဘိုကာရှီသဘာဝမြေသြဇာကို အလွယ်တကူပြုလုပ်နိုင်တဲ့ ပါ၀င်ပစ္စည်းများနဲ့ အချိုးအစားများကတော့… (၁) ကြက်ချေး/ နွားချေး ၅ အိတ် (တစ်တင်းခွဲအိတ်) (၂) မြေဆွေး ၃ အိတ် (တစ်တင်းခွဲအိတ်) (၃) ဖွဲနု ၁ အိတ် (တစ်တင်းခွဲအိတ်) (၄) ထင်းပြာ ၂ အိတ် (တစ်တင်းခွဲအိတ်) (၅) စပါးခွံပြာ ၁ အိတ် (တစ်တင်းခွဲအိတ်) (၆) တင်လဲရည် ၅၀ ကျပ်သား (တစ်လီတာ) (၇) EMအပြင်း (၅ လီတာ) ကြက်ချေး/ နွားချေး၊ မြေဆွေး၊ ဖွဲနု၊ ထင်းပြာ၊ စပါးခွံပြာတို့ကို ရောနယ်ကာ ၂၄ နာရီသိပ်ထားပြီး တင်လဲရည်၊ EM အပြင်းရည်တို့ဖြင့် ရောမွှေကာ ကုန်ကြမ်းများရောထားသော အပုံတွင်းသို့ ရေလိုသလောက်ရောကာ ဖြန်းနိုင်ပါတယ်။ သမစွာမွှေရန် အဓိကကျပြီး ၎င်းအရောအနှောကို လက်ဖြင့်ဆုပ်ကြည့်လျှင် အလုံးဖြစ်ပြီး လက်ညိုးဖြင့် ဖိလိုက်လျှင် ကွဲသွားသော အနေအထားဖြစ်ရပါမယ်။ ရေနည်းလျှင် အလုံးမဖြစ်ပါ။ ရေများလျှင် လက်ညိုးဖြင့်ဖိလျှင် မကွဲပါ။ ရေနည်းလျှင် အဏုဇီ၀ပိုး ပေါက်ပွားနှုန်းနှေးပြီး၊ ရေများပါကလည်း ပုပ်ပြီး လုံး၀မဖြစ်တော့ပါ။ ထိုကြောင့် ရေစိုထိုင်းဆသည် အလွန်အရေးကြီးပါတယ်။ ၎င်းအရောအနှောကို အမြင့် ၁ပေခွဲအထိ ပုံပေးပါ။ ၎င်းအပုံ၏ အပေါ်မှ ကောက်ရိုး (သို့မဟုတ်) မြက်ခြောက် (သို့မဟုတ်) ငှက်ပျောရွက်တို့ဖြင့် ဖုံးအုပ်နိုင်ပါတယ်။ ဖုံးအုပ်ပြီး ၂ပတ်ခန့်အကြာမှာ စတင်အသုံးပြုနိုင်ပါတယ်။ နွေရာသီတွင် ၃-၄ရက်၊ ဆောင်း/မိုးတွင် ၇-၈ရက်ထား၍ အသုံးပြုနိုင်ပါတယ်။

116 လွန်ခဲ့သော ၃ နှစ် က

ဘယ်စျေးရှိလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။