အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
15,275
လွန်ခဲ့သော ၃ နှစ် က · သံတွဲ

NPK အာဟာရဓါတ်သုံးမျိုးမှာ တစ်ခုစီဟာ အပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို အကျိုးသက်ရောက်လဲ သိချင်လို့ပါ။

စိုက်ပျိုး ဗဟုသုတ စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၂ ခု

15,275 လွန်ခဲ့သော ၃ နှစ် က
အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

NPKကို လူ​တွေနဲ့ဥပမာ​ပေးရရင် ​ခေါင်းရယ်၊လက်ရယ်၊​ခြေ​ထောက်ရယ်နဲ့ တူတယ်လို့ ပညာရှင်အချိူ့က ဥပမာ​ပေးကြပါတယ်။ Nက အပင်ရဲ့ ဆဲလ်အသစ်​တွေကြီးထွား​အောင်၊အရွက်သစ်၊အညွန့်သစ်​တွေ ကြီးထွား​အောင်နဲ့ အစိမ်း​ရောင်ကလိုရိုဖီး လုပ်​ဆောင်ရာမှာ အဓိကကျပါတယ်။ (ဒါ​ကြောင့် Nချို့တဲ့ရင် အ​ရောင် မစိမ်း​တော့တာပါ) """"""""" Pအ​နေနဲ့ အပွင့်​တွေ များများပွင့်ပြီး အသီး​အောင်​စေဖို့နဲ့ အမြစ်​တွေ ရှင်သန်ကြီးထွားဖို့ လုပ်​ဆောင်ပါတယ်။ """""""" K က​တော့,အပင်တပင်လုံးအတွက် အစာ​ကြော/​ရေ​ကြောတ​လျောက် ပို့​ဆောင်ဆက်သွယ်​ရေး/​ထောက်ပို့လုပ်ငန်းလုပ်ပါတယ်။ ရာသီဥတု/ပိုး/​ရောဂါဒဏ်ခံနိုင်​အောင် ကာကွယ်လုပ်​ဆောင်​ပေးပါတယ်။ ဒါဟာ အကြမ်းဖျဥ်းသ​ဘောမျှသာဖြစ်ပါတယ်။ တကယ်က ဒါထက် အများကြီး နက်နဲတဲ့ အပင်ဇီဝကမ္မလုပ်ငန်း​တွေကို ၊ အာဟာရဓါတ် ​တွေအားလုံး သူ့တာဝန်နဲ့သူ ပုံမှန်လုပ်​ဆောင်ကြရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။