အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
466
လွန်ခဲ့သော ၃ နှစ် က · ရေး

avermectinက ဘယ်ပိုးအတွက်သုံးရတာလည်းဗျ စံပယ်ပန်းအဖူးတွေပိုးကျလို့ ဆေးဆိုင်က ဒါသုံးလို့ညွှန်းလိုက်လို့

ပိုးမွှားရောဂါ စံပယ်ပန်း
Post image

ဖြေကြားချက် ၃ ခု

7,220 လွန်ခဲ့သော ၃ နှစ် က

Abamectinဆေးကမွှား ရွက်ထွင်းပိုး စုပ်စားပိုး ကော်လိုရာဒိုကျိုင်းများနှိမ်နင်းတဲ့ဆေးဖြစ်ပါတယ်ဒါပေမဲ့မြန်မာစာအညွှန်းမပါတဲ့ဆေးကိုမသုံးသင့်ပါ

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ထိသေ စားသေ အာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်ပြီး ပင်လုံးပြန့်အာနိသင် အတန်အသင့်နှင့် အရွက်အတွင်း ထိုးဖောက်ဝင်ရောက်နိူင်စွမ်းလည်း ရှိပါတယ်။ မွှား၊ ရွက်ထွင်း၊ စုတ်စား၊ ကော်လိုဒိုရာ ကျိုင်းများအား နိမ်နင်းနိူင်ပါတယ်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

စိမ့်ဝင်ထိုး​ဖောက်အာနိသင်ရှိလို့ အရွက်အတွင်းသားထဲရှိတဲ့ပိုး​တွေ(ရွက်ထွင်းပိုး/မွှားပင့်ကူ/​လှေး /ပွင့်​ထွေးပိုး..)စတဲ့ပိုး​တွေအတွက်သုံးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။