အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
989
လွန်ခဲ့သော ၃ နှစ် က · ဓနုဖြူ

ဆရာတို့ ကျွန်တော်က ဧရာဝတီတိုင်းဓနုဖြုမြို့နယ်ကပါခင်ဗျာ တစ်နှစ်ကို စပါးနှင့်ပဲ နှစ်သီးစားစိုက်ပျိုးရေးလုပ်ပါတယ်...

ဆရာတို့ ကျွန်တော်က ဧရာဝတီတိုင်းဓနုဖြုမြို့နယ်ကပါခင်ဗျာ တစ်နှစ်ကို စပါးနှင့်ပဲ နှစ်သီးစားစိုက်ပျိုးရေးလုပ်ပါတယ် ကျွန်တော်သိချင်တာက ပဲပီးလို့ စပါးစိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံးပေါင်းမြက်တွေကို နိမ်နင်းခြင်ပါတယ်ခင်ဗျာ ဒါပေမဲ့ ပေါင်းမြက်တွေက မသေဘူးဖြစ်နေတာ စပါးအချိန်ကြရင် ပေါင်းမြက်တွေအရမ်းများပါတယ် ဘယ်လိုနိမ်နင်းရမလဲခင်ဗျာ စပါးစိုက်ပျိုးပုံက ကြဲခင်းပါ ခင်ဗျာ ကျေးဇူးပြု၍ အကြံညဏ်လေးပေးသနားပါခင်ဗျာ။ ကျွန်တော်တို့ အခုလက်ရှိလုပ်နေတဲ့ပုံစံကတော့ ပထမဆုံးစက်မောင်းပါတယ် စက်မောင်းပီးလို့ရှိရင် မြက်ပင်လေးတွေပြန်ထွက်လာတဲ့အထိစောင့်ပါတယ် ပြန်ပေါက်လာတဲ့အခါကျမှ ပေါင်းသတ်ဆေးဖြန်းပါတယ် အချိန်တခု‌စောင့်ပီးရင် ပီးရင် စပါးကြဲပါတယ် ပီးရင် စက်နဲ့တစ်ထပ်ပြန်အုပ်ပါတယ်ခင်ဗျာ

9

ဖြေကြားချက် ၉ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

#ကြိုရှင်း..စပါး​ပေါင်းအုပ်​ဆေး🌾🌾🌾 #ကြိုရှင်းပေါင်းအုပ်ဆေးသည် ပင်လုံးပြန့်အာနိသင်ရှိ ပေါင်းသတ်ဆေးဖြစ်ပြီး တိုက်ရိုက်ကြဲခင်းဖြစ်စေ၊ အခြောက်ကြဲခင်းဖြစ်စေ၊ ကြဲသည့်နေ့မှ ၅-ရက်အတွင်း #အစိုဓာတ်လုံလောက်စွာရရှိချိန် (သိုမဟုတ်) ပျိုးပင်စိုက်ပြီး၂-၃ရက်အတွင်း ထယ်ရေးပြင်ပေါ် ပိုင်နိုင်စွာ ဖျန်းနိုင်ပါသည်။ စပါး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ/ ကြက်သွန်ဖြူ ၊ ပြောင်း၊ မြေပဲ အစရှိသည့်သီးနှံများ၏ ပေါင်းမြက်များကို ကြိုရှင်းမှ ပေါင်းအုပ်ဆေးအနေဖြင့်ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။ 💯💯💯 #ဘယ်အချိန်ဖျန်းရမလဲ??? *********************** #ပေါင်းပင်မပေါက်မီကြိုရှင်းပါ✅ #ရေသွင်းပြီးချိန် ဖျန်းပါ✅ (/မိုးရွာပြီးစအချိန်) #နေရာမထပ်/မလပ်အောင်ဂရုစိုက်ဖျန်းပါ✅ #တဧကလျှင်8-10ပုံးဖျန်းပါ✅ #အကျိုးအာနိသင်များ💯💯💯 """"""""""""""""""""""""""""""""""""" - ကြိုရှင်းခြင်းဖြင့်ပေါင်းမြက်များပိုမိုထိရောက်စွာရှင်းလင်းနိုင်ခြင်း၊ - ပေါင်းမျိုးစေ့ပါမကပေါင်းပေါက်ကာစအပင်များပါနှိမ်နင်းနိုင်ခြင်း၊ - တကြိမ်ဖျန်းရုံဖြင့်ပေါင်းမြက်အတွက်စိတ်ချရခြင်း - အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်ခြင်း #ကြိုရှင်းဖျန်းဖို့ရာမိတ်ဆွေတာဝန်ပါ👨‍🌾👨‍🌾👨‍🌾 #ပေါင်းရှင်းဖို့ရာကြိုရှင်းတာဝန်ပါ✅✅✅ တောင်သူမိတ်ဆွေအများ ပေါင်းမြက်ကင်းစင်ပြီး အထွက်နှုန်းတိုးကြပါစေ🌾🌾🌾 ဖန်းလင့်

989 လွန်ခဲ့သော ၃ နှစ် က

ထိထိရောက်ရောက်နိမ်နင်းချင်လို့ပါဆရာ

989 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပြု၍ တစ်ဆင့်ချင်း ပြောပြပေးလို့ရမလားခင်ဗျာ ကျေးဇူးအရမ်းတင်ပါတယ် နော်ဆရာ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

အတိုင်းအတာတခုအထိ​တော့ ​ပေါင်းသက်သာနိုင်ပါတယ်။ ​ပေါင်းအုပ်​ဆေးက ပိုထိ​ရောက်ပါတယ်(နည်းစနစ်တကျ လုပ်နိုင်ရင်​ပေါ့)

989 လွန်ခဲ့သော ၃ နှစ် က

ထွန်ရေးမချမီ ပေါင်းကြမ်းဆေးသုံးရင်ထိရောက်မှုရှိပါသလားခင်ဗျ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က
အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

စပါးအ​ခြောက်ကြဲခင်းအတွက် မျိုးချ/ကြမ်းတုံးရုိက်ပြီး ချက်ချင်း သို့မဟုတ် ၃ရက်(စပါး/​ပေါင်းမျိုး​ညောင့်.မ​ပေါက်မီ)ထွန်​ရေးပြင်ကိုဖျန်းရတဲ့ စပါး​ပေါင်းအုပ်​ဆေး သုံးပါ။ ပန်ဒီမီသလင်း ၃၃အီးစီ

408 လွန်ခဲ့သော ၃ နှစ် က

စပါးကြဲပီး15ရက်သားအတွင်းမှာပေါင်းသတ်ဆေးဖျန်းပါ ဆေးဖျန်းပီး7ရက်လောက်နေရင်တော့ရေသွင်းရပါတယ်ကျွန်တော်တို့ဒေသတော့အဲ့လိုလုပ်ပါတယ်

408 လွန်ခဲ့သော ၃ နှစ် က

စပါးကြဲပီး15ရက်အတွင်းမှာပေါင်းသတ်ဆေးဖျန်းပါ

You

ဆက်စပ်မေးခွန်းများ

ဒီမြက်ကို ဘာဆေးနဲ့သတ်ရမလဲခင်ဗျာ..။ဇောင်းထက်တို့ရွှေတို့ဆုံနေပါပီခင်ဗျာ။ စပါးကြဲခင်းမှာပေါက်နေတာပါ စပါးသက်က 25...

ဖြေကြားချက် 2 ခု

ပေါင်းသတ်မြေဆီကို ရက်၉၀ နွေစပါး ၁လ သားမှာကျဲပက်ရင် မြေဆီထဲမှာပါဝင်တဲ့အရာတွေကို စပါးပင်ကစုပ်ယူစားသုံးပါသလား။

ဖြေကြားချက် 1 ခု

GW 11 ကြဲခင်းစပါး ၂၅ ရက်သားကို အေမင်း ဒီမင် ပေါင်းသတ်ဆေးတွေနဲ့ ပိုးသတ်ဆေးတွဲဖြန်းလို့ရလားဗျ စပါးထိခိုက်နိုင်...

ဖြေကြားချက် 5 ခု

ဆရာခဗျ စပါးအခြောက်ကျဲကွင်းမှာ အပင်မပေါက်မှီပေါင်းအုပ်ဆေးဖြန်းပီး စပါးပင်ပေါက်လာရင် အတူထပ်ပေါက်လာတဲ့ပေါင်းပင်...

ဖြေကြားချက် 3 ခု

မိုးစပါးမစိုက်မှီ ပေါင်းမြက်များကို ပင်လုံးပြန့်ပေါင်းသတ်ဆေးရည်သုံးလို့ရပါသလား မည်သည့်ပေါင်းသတ်ဆေးကအဆင်ပြေပါသ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။