အီးအမ်အပြင်း(CEM/EM1) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ပွားယူဖို့ ပါဝင်ပစ္စည်းတွေရဲ့ အချိုးလေးသိချင်လို့...
အီးအမ်အပြင်း(CEM/EM1) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ပွားယူဖို့ ပါဝင်ပစ္စည်းတွေရဲ့ အချိုးလေးသိချင်လို့ပါ။
အီးအမ်အပြင်း(CEM/EM1) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ပွားယူဖို့ ပါဝင်ပစ္စည်းတွေရဲ့ အချိုးလေးသိချင်လို့ပါ။
မူလအီးအမ် (OEM) ၁ ဆ တင်လဲရည် ၁ ဆ ရေ၁၈ဆ ရောပြီး ၂၁ ရက် ကြာပါကအသုံးပြုလို့ ရပါပြီ
EM-1ပြုလုပ်နည်း လေးကျေးဇူးပြုပြီးပြောပေးပါအုန်းဗျ
အီးအမ်ဖျော်ရည် အပြင်း (EM Concentrate) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ရရှိလာစေဖို့အတွက် အောက်ပါ ထုထည်အချိုးအစားအတိုင်း ဖျော်စပ်ပေးဖို့လိုအပ်ပါတယ်။ အီးအမ် ဖျော်ရည်အပြင်း - ၁ ဆ တင်လဲရည် - ၄ ဆ ရေ - ၉၅ ဆ - အထက်ပါနည်းအတိုင်းရောစပ်ပြီး ရရှိလာတဲ့ ဖျော်ရည်ကို သန့်ရှင်းတဲ့ ပလပ်စတစ်ပုလင်း ထဲထည့်ပြီး လေလုံအောင် ပိတ်ထားရပါမယ်။ - အီးအမ်ကို နေရောင်ခြည် တိုက်ရိုက်မရနိုင်တဲ့ အရိပ်၊ အေးမြသောနေရာမှာ ထားရပါမယ်။ - တစ်ရက်ကို တစ်ကြိမ်ခန့် သမအောင်မွှေပေးရပါမယ်။ - ဓါတ်ငွေ့တွေထွက်လာပါက အဖုံးကို ခဏတာဖွင့်ထားပေးပြီးတော့ လေလုံအောင်ပြန်ပိတ်ထားပေးရပါမယ်။ - (၃-၄) ရက်ခန့်ကြာတဲ့အခါမှာ ဝါညိုရောင်အဖြစ်ပြောင်းသွားတဲ့အခါ သုံးစွဲဖို့ အသင့်ဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဘယ်လိုEMအမျိုးအစားက စပါးမျိုးစေ့စိမ်လို့ရနိုင်မလဲ၊ EMဘယ်လောက်နှုန်းထားအသုံးပြုရမလဲ။
ဖြေကြားချက် 1 ခု
ရက်၉၀ နွေစပါး ၂၀ရက်သားမှာ အသင့်သုံးအီးအမ်ဖျန်းရင်ဆေးဖျန်းပုံးတစ်ပုံးကို ၃၀၀mlလောက်ထည့်ဖျန်းလို့ရနိုင်မလား။
ဖြေကြားချက် 1 ခု
EM 1 စစ်တယ် မစစ်ဘူးဆိုတာ စမ်းသပ်လို့ ရပါသလဲခင်ဗျာ။ စမ်းသပ်လို့ရရင် ဘယ်လို စမ်းသပ်ရသလဲ ဆိုတာ သိချင်ပါတယ်ခင်ဗျာ။
ဖြေကြားချက် 1 ခု
ဘိုကာချီမြေဆွေးပြုလုပ်ရန် အသင့်သုံး EM ဆိုသည်မှာ EM အပြင်းကို တင်လဲရည် ရေတို့ဖြင့်အချိုးကျ ရောစပ် ထားသော em...
ဖြေကြားချက် 2 ခု
တိမွေးကုဌာနတွေမှာဝယ်လို့ရတဲ့EMကအပြင်းလား
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။