အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
21,642
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

ဆရာတို့ခဗျ မိုးစပါးတွက်ပါ မိုးစပါးမှာ အပင်တွေကသန်မာလို့ ပုလဲသိပ်ကျွေးဖို့မလိုပါဘူး။ သိချင်တာက မိုးစပါးတွက် ပု...

ဆရာတို့ခဗျ မိုးစပါးတွက်ပါ မိုးစပါးမှာ အပင်တွေကသန်မာလို့ ပုလဲသိပ်ကျွေးဖို့မလိုပါဘူး။ သိချင်တာက မိုးစပါးတွက် ပုလဲကိုရှော့သုံးပီး Pနဲ့K ပိုသုံးရင်ကောအထွက်ကောင်းနိုင်လားခဗျ။ဒါမှမဟုတ်NPKအချိုးညီပဲသုံးသင့်လား။ကျေးဇူးပါ။

အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၅ ခု

14,823 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မိုးစပါးသာမက နွေစပါးတွင်ပါ ပုလဲကိုသာသုံးမည့်အစား NPK ကွန်ပေါင်းမြေဩဇာကို မြေခံမှစ၍ ထည်သွင်းစိုက်ပျိုးသွားပါလို့ အကြံပြုလိုပါတယ်။ မိမိစိုက်ခင်းတွင် မြေဩဇာ ၂အိတ် သုံးမည်ဆိုလျင် ပုလဲတစ်အိတ် ကွန်ပေါင်းတစ်အိတ်၊ တစ်အိတ်ခွဲသုံးမည်ဆိုလျင် ကွန်ပေါင်းတစ်အိတ် ပုလဲအိတ်ဝက် သုံးခြင်းကသာ စိုက်ခင်းအတွက် ပိုမို အကျိုးရှိမည်ဖြစ်ကြောင်းဖြေကြားလိုပါတယ်။

21,642 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ ဆရာ ဆရာမတို့ခဗျ။

193,301 လွန်ခဲ့သော ၃ နှစ် က

စပါးမှာ N P K လူံလုံလောက်လောက်ကျွေးသင့်ပါတယ် အာဟာရဓာတ်လိုမလိုကို ဓာတ်ခွဲခန်းပို့လို့ရသလို Leaf color chart လေးနဲ့တိုင်းနေသင့်ကြောင်း ဆရာဦးခင်မောင်လတ်ကဖြေထားပေးပါတယ်ရှင့်

21,642 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

leaf colour chartအ​ရောင်တိုင်းကဒ် ​လေး​တွေရှိတယ်။ စိမ်း​နေရင်Nမလိုလို့​ကျွေးစရာမလိုဘူး။ အဲဒါ​လေး ​ဆောင်ထားပါ။

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ခဗျ တောင်သူတွေခေါ်တဲ့ ပုလဲနက်ဆိုတာ ဘာလဲမသိလို့ပါ။ယူရီယားပုလဲဖြူNကိုတော့သိပါတယ်။ဒီဘက်ကတောင်သူတွေက စပါးတ...

ဖြေကြားချက် 4 ခု

ဆရာတို့စပါးဖုံးလုံးချိန်တွင်ပိုတတ်နှင့်ကွန်ပေါင်းမြေသြဇာကိုဘယ်အမျိုးအစားကိုကျွေးရင်ပို၍ကောင်းမလဲအမည်လေနဲ့တကွ...

ဖြေကြားချက် 3 ခု

ဆရာတို့စပါးဖုံးလုံးချိန်တွင်ဘာမြေသြဇာမျိုးတွေကျွေးရမလဲပြီတော့စပါးဖုံလုံးအခါတွင်မှို့သတ်ဆေး ပိုးသတ်ဆေး အားဆေး...

ဖြေကြားချက် 2 ခု

စပါးအသီးအမှည့်မြန်ပီး စောစောရိတ်ရဖို့ ဘယ်လိုအားဆေးဖျန်းရမလဲ။

ဖြေကြားချက် 1 ခု

ဆရာကြီး တစ်မျိုးနဲ့တမျိုး မရိုးရလေအောင် ဒီစပါး အမြစ်က ဘယ်လိုအချေနေလည်းဆရာကြီး11-4-203ရက် မနက်ခင်းပိုင်း 15ပတ်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။