အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,219
လွန်ခဲ့သော ၃ နှစ် က · ကော့ကရိတ်

ဘာဆေးဖျန်းဖျန်းမသေနိုင်လို့ ဆေးရွက်ကြီးစိမ်းရည်ဖျန်လဲမသွား ဘယ်လိုလုပ်ရမှာလဲ ထိုင်ကန်တောရတော့မယ်ထင်တယ် ပြောပေး...

ဘာဆေးဖျန်းဖျန်းမသေနိုင်လို့ ဆေးရွက်ကြီးစိမ်းရည်ဖျန်လဲမသွား ဘယ်လိုလုပ်ရမှာလဲ ထိုင်ကန်တောရတော့မယ်ထင်တယ် ပြောပေးကြပါအုံးဗျာ

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image

ဖြေကြားချက် ၃ ခု

79,224 လွန်ခဲ့သော ၃ နှစ် က

ဆေးရွက်ကြီးရည်ဖျန်းတယ်ဆိုတာ ပိုးကောင်တွေသေဖို့ မဟုတ်ပါဘူးရှင့်။ ပိုးပြေးဆေးပါ။ ဖြစ်လာကာမှ ဖျန်းခြင်းက ထိန်းချုပ်ဖို့ခက်ပါတယ်ရှင့်။ ဘက်ပေါင်းစုံနည်းတွေနဲ့ကြိုတင်ကာကွယ်ရပါတယ်။ ကျွန်မလည်းမုန်ညင်းစိုက်ပါတယ်။ ဘေးနားကပေါင်းမြက်တွေကိုရှင်းပါတယ်။ ကြက်သွန်ပင်တွေနဲ့ရောစိုက်ပါတယ်။ ဆေးရွက်ကြီးစိမ်ရည်ကို မကြာခဏလေးပုံမှန်ဖျန်းရပါတယ်ရှင့်။ ဖျက်ပိုးတွေမနိုင်ဘူးဆိုတာ သဘာဝမှာ သူတို့ကိုနိုင်တဲ့ ပိုးကောင်တွေမရှိကြတော့လို့ပါ။ ပန်းပင်တွေစိုက်ပေးတာတို့ ဆေးအပြင်းတွေသိပ်မသုံးတာတို့လုပ်ပြီး သဘာဝကို ထိန်းသိမ်းရပါတယ်။ အချိန်အတိုလေးနဲ့ ပိုးမမြင်ချင်ရင်တော့ ဆေးဖိုးနဲ့ ဟင်းရွက်ရောင်းရတဲ့တန်ဖိုးနဲ့က မကိုက်ဘူးမို့ ရေရှည်ကောင်းမယ့်နည်းတွေကိုပဲ သုံးပါတော့တယ်။ ကျွန်မခြံမှာ ဒုတိယနှစ်တော့ အဲ့ပိုးတွေနည်းသွားပါတယ်။ ဘာဆေးအပြင်းမှမသုံးပါဘူး။ ခြုံတွေရှင်းတယ်၊ အပွင့်ပန်းလေးနည်းနည်းစိုက်ပေးတယ်။ ဆေးရွက်ကြီး‌စိမ်ရည်တို့ ငါးအမိုင်နိုတို့ ပုံမှန်လေးဖျန်းပါတယ်။

1,219 လွန်ခဲ့သော ၃ နှစ် က

တမာရွက်ကမရှိဘူး ခက်ပီ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

ဆေးရွက်ကြီးနဲ့ တမာရွက်စင်းပြီး ​ဆေးရွက်ကြီးနဲ့ဆတူထည့်ပါ။ ​ဆေး​ဖျော်စဥ်မှာ ပန်းကန်​ဆေးဆပ်ပြာ တဇွန်းထည့်ဖျန်းပါ။ ည​နေချိန်/မိုးချုပ်ချိန်ဖျန်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။