အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
116
လွန်ခဲ့သော ၃ နှစ် က · ကျောက်တံခါး

မင်္ဂလာပါ မရမ်းချိုပင်ကို အကိုင်းဖြတ် မျိုးပွားနည်း ရှိရင် သိပါရစေလား

စိုက်ပျိုးနည်း မရမ်းသီး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အောက်ခံပင် ပျိုးထောင်ထားပြီးမှ မိမိကြိုက်နှစ်သက်သည့် အပင်တွင် ကိုင်းထောက်မျိုးပွားနည်း အသုံးပြု၍ မျိုးပွားပါလို့ အကြံပြုအပ်ပါတယ်။ မရမ်းပင်အား သရက်ကိုင်းကူးခြင်းမျိုးအား အသုံးပြု၍ ကိုင်းကူးဆက် မျိုးပွားနိူင်သော်လည်း တိကျမှု ပိုမိုလိုအပ်သဖြင့် ကျွမ်းကျင်မှု ရှိရန် လိုအပ်ပါသည်လို့ ဖြေကြားလိုပါသည်။

116 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ် 🥰

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

သေချာမှု ရာခိုင်နုန်းများတဲ့နည်း အသုံးပြုပါ။ ပျိုးအိတ်ထဲမှာ အရိုင်းပင်အရင်ပျိုးပါ။ ၁နှစ်သား သို့မဟုတ် ပင်စည် ခဲတံလုံးအရွယ်မှာ . မျိုးကိုင်းယူမယ့် အပင်ရဲ့ .လုးံပတ်တူမျိုးကိုင်းနဲ့ သပ်ထိုးနည်း/ရင်ချင်းအပ်နည်း/လက်ယှက်ထိုးနည်း တမျိုးမျိုးနည်း ကိုင်းကူးပါ။ အရိုင်းကိိုးပင်ကို မလှုပ်ရှား​အောင် ကြိုးသိုသ်းထားပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မရမ်းသီးပင်ကို အလယ်ပိုင်ဒေသအပူပိုင်းတွေမှာစိုက်ပျိုးလို့ရလားဗျ စိုက်ပျိုးနည်းလေး အပင်ပြုစုနည်းလေးများလမ်းညွှန်...

ဖြေကြားချက် 3 ခု

မရမ်းပင်အကြောင်းမေးပြီးပါပြီအကြောင်းအရာလေးစုံအောင်ပြန်မေးတာပါမရမ်းပင်ကိုင်းကူးစိုက်ပျိုးနေပါတယ်မရမ်းသီးစျေး...

ဖြေကြားချက် 2 ခု

မရမ်းပင်ကိုင်းကူးစပြီးစိုက်ပျိုးနေပါတယ်မရမ်းသီးစျေးကွက်လေးသိချင်တာပါဘယ်မြို့နယ်လေးတွေမှာတင်ပို့ရောင်းချလို့ရလဲ...

ဖြေကြားချက် 3 ခု

မရမ်းချဉ်ပင်က ကယ်လဆီယမ်ဓာတ်ပိုလိုအပ်တယ်လို့သိထားပါတယ် ကယ်လဆီယမ်ဓာတ်အတွက်ဘာတွေထည့်ပေးရမလဲသိချင်ပါတယ် ကိုယ်တိုင်...

ဖြေကြားချက် 2 ခု

မရမ်းသီးစောစောသီးအောင်ဘာတွေလုပ်သင့်လဲ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။