အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
816
လွန်ခဲ့သော ၃ နှစ် က · ဒီပဲယင်း

စပါးသံဆိပ်သင့်ရတဲအကြောင်းရင်းလေးရှင်းပြပေးပါအုံးဆရာခများ

ပိုးမွှားရောဂါ စပါး မြေချဉ်ငန်ဓာတ် (pH)

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

စပါးခင်း၊​ရေလှာင်လည်းကြာတယ်။ ​မြေကြီးpHကလည်း၅.၅ဝန်းကျင်ဖြစ်မယ်.. ​မြေကျွံတဲ့လယ်​မြေ​တွေမှာ..စပါးပင် ထိပ်ဖျား​တွေနီရဲလာမယ်။ အပင်မတက်ဘူး။ယူရီးယား​ကျွေးရင် ပိုဆိုး​စေတယ်။​ရေသွင်း​ရေထုတ်လည်းမလုပ်နိုင်ရင် ပိုဆိုးတယ်။ အမြစ်ကို နုတ်ကြည့်ရင် အမြစ်သစ်မထွက်ဘဲ နီရဲ​နေမယ်။ သံ​ချေးနံ့လည်းရတယ်။ ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေက များပြီး တိုက်ဆိုင်တာများရင် ဖြစ်တာပါဘဲ။ အဓိက အချက်က​တော့ အမြစ်ဇုံမှာ ​ရေဝပ်ကြာ​တော့၊ ​လေမရှုနိုင်ဘဲ၊​မြေကြီးထဲက အာဟာရကို အမြစ်က မစားနိုင်တာပါ။ pHကလည်းနိမ့်​တော့ သံနဲ့အလူမီနိယံ​တွေ ကို အမြစ်ကစုပ်ယူနိုင်ပြီး ဖြစ်ရတာပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။