အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
870
လွန်ခဲ့သော ၈ နှစ် က · ဘိုကလေး

ယခုမြင်တွေ့ရသောကွမ်းသည်၂လကျော်ပါပြီကွမ်းကောင်းအောင်ဘယ်လိုအဟာရတွေကြွေးပေးရသနည်း

အပင်အာဟာရ ကွမ်း
Post image
4

ဖြေကြားချက် ၄ ခု

870 လွန်ခဲ့သော ၈ နှစ် က

ကန့်ဆိုတာကကွမ်းသီးကိုအရောင်တင်တဲ့ကန့်လား

870 လွန်ခဲ့သော ၈ နှစ် က

လူသွားလမ်းဖွဲခင်းတာဗွက်ထမှာစိုးလို့ပါ

27,452 လွန်ခဲ့သော ၈ နှစ် က

သာမန်အားဖြင့် အပင်များကို အစာကျွေးသောသူများသည် အရွက်၊ အညွှန့်၊ အကိုင်းများဖြစ်သော ပင်ပိုင်းအင်္ဂါများ ကြီးထွားရန်အတွက် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင် မြေသြဇာများ၊ အပွင့်အသီးအစေ့ ကဲ့သို့သော လိင်ပိုင်းအင်္ဂါများကြီးထွားရန်အတွက် တီစူပါ ကဲ့သို့သော မြေသြဇာမျိုးနှင့် အပင်များ၏ ကျန်းမာရေးနှင့်အရည်အသွေး အတွက် ပိုတက်ရှ် ခေါ်ပြာဓာတ်ကို ကျွေးလေ့ရှိသည်။ ကွမ်းပင်မှာ အရွက်အတွက် သာစိုက်ပျိုးသော အပင်ဖြစ်၍ အများက အရွက်ကိုဖြစ်စေသော နိုက်ထရိုဂျင်မြေသြဇာများကိုသာ အသုံးပြုကြသည်။ အမှန်အားဖြင့် နိုက်ထရိုဂျင် လိုအပ်သည် မှန်သော်လည်း မီးစုန်းနှင့် ပြာဓာတ်များပါ လိုအပ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ထိုအဓိကဓာတ်စင်များသာမက အခြားလိုအပ်သော ဓာတ်စင်(၁၀)မျိုး လုံးကို မရှိမဖြစ်လိုအပ်ကြောင်း ကောင်းစွာသတိပြုရန်လိုအပ်သည်။ အဓိကဓာတ်စင် NPK မှလွဲလျှင် ဆာလ်ဖာလ် ခေါ် ကန့်ဓာတ်၏ အရေးပါမှုမှာ အခြားသာမာန်သီးနှံများထက် ကွမ်းပင်ကဲ့သို့ အပင်များတွင် ပို၍ အရေးကြီးသည်ကို သတိပြုရပါမည်။ ကန့်ဓာတ်မပါသော ယူရီးယားခေါ် ဓာတ်မြေသြဇာများကို စဉ်ဆက်မပြတ် အသုံးပြုနေခြင်းက မူလက ကန့်ဓာတ်ချို့တဲ့သော မြေလွှာတွင် စိုက်ပျိုးသောကွမ်းပင်များ၏ ကန့်ဓာတ်ချို့တဲ့မှုကို ပို၍ ဆိုးဝါးစေသည်။ အဟာရစားသုံးမှုမမှန်ကန်ခြင်းသည် ကွမ်းစိုက်ပျိုးရေးကို ကျဆုံးစေသည်။ source-ဦးဖရက်သိန်းဖေ

2,390 လွန်ခဲ့သော ၈ နှစ် က

ကွမ်းကောင်းဘဲ လျောက်လမ်းက ဖွဲခင်းထားတာလားခင်ဗျ ဘာဖြစ်လို့ခင်းရတာလဲခင်ဗျ ဝေမျှပေးပါဦး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။