အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,629
လွန်ခဲ့သော ၈ နှစ် က · နတ္တလင်း

ကွမ်းပုံပါအတိုင်းဆီစွန်းရိုးမဲဖြစ်နေပါတယ်ပြောက်ကသးင်းအောင်ဘယ်လိုကုသရမလည်းလမ်ညွန်ပေးပါ

စိုက်ပျိုးစီးပွား ကွမ်း
Post image
Post image
Post image
Post image
Post image
7

ဖြေကြားချက် ၇ ခု

1,048 လွန်ခဲ့သော ၇ နှစ် က

ရှင်းပြသွားတာကြိုက်တယ်ဗျာ

1,629 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးအထူးတင်ပါတယ်

1,629 လွန်ခဲ့သော ၈ နှစ် က

ဗဟုသုတတေရပါတယ်ကျေးဇူးအထူးတင်ပါတယ်

1,629 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့

20,386 လွန်ခဲ့သော ၈ နှစ် က

ရောဂါရပင်ကြွင်းပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြုပ်ခြင်းပြုလုပ်ပါ။ ခြံတွင်းသန့်ရှင်းရေး ဂရုပြုဆောက်ရွက်ပါ။ ကွမ်းပင်တွေ ရုံဖြစ်လာပါက လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။ မြေပြုစဉ် ဘော်ဒိုးဆေး (5:5:50) ကိုဖျန်းပုံးဖြင့် လောင်းပေးခြင်းပြုလုပ်ပါ။ ဘော်ဒိုးဆေး (2:2:50) ကိုအပက်တွင်ပတ်ဖျန်းပေးပါ။

406 လွန်ခဲ့သော ၈ နှစ် က

ဖြစ်ပီဆိုဘလိုမှကုမရဘဲအကုန်ပြုတ်နေကြတာကို ကုစားနိုင်ရင်သိပ်ကောင်းမှာဘဲ

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၈ နှစ် က

ဘက်တီးရီးယားရွက်ပြောက်ရောဂါ/ဆီစွန်းရောဂါ/ရိုးမဲဆစ်ပြုတ်ရောဂါ (BACTERIAL LEAF SPOT) ဤရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ ရောဂါကူးစပ်ပုံ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။ ၂။ ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။ ၃။ ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ ၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ ကောင်းသည်။ ၅။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅၀) ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။ ၆။ ဘော်ဒိုးဆေး (၂း၂း၅၀) ကို အပင်တွင် ပက်ဖျန်းပေးပါ။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။