စိုက်ပျိုးရေး ပညာရှင် များ ခင်ဗျ ဝဥ စိုက်ပျိုးပုံ စိုက်ပျိုး နည်း ပညာ လေး များ သိရှိသမျှ မျှဝေပေး ကြ ပါရန်...
စိုက်ပျိုးရေး ပညာရှင် များ ခင်ဗျ ဝဥ စိုက်ပျိုးပုံ စိုက်ပျိုး နည်း ပညာ လေး များ သိရှိသမျှ မျှဝေပေး ကြ ပါရန် မေတ္တာ ရပ်ခံပါ တယ် ဗျာ
စိုက်ပျိုးရေး ပညာရှင် များ ခင်ဗျ ဝဥ စိုက်ပျိုးပုံ စိုက်ပျိုး နည်း ပညာ လေး များ သိရှိသမျှ မျှဝေပေး ကြ ပါရန် မေတ္တာ ရပ်ခံပါ တယ် ဗျာ
ko Thein soe min ကျေးဇူး အထူး တင်ပါ တယ်
(၁) မူရင်းဒေသ -ဝဥရဲ့မူရင်းဒေသက အရှေ့တောင် အာရှဒေသဖြစ်ပြီး အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသမှာ သဘာဝ အလျောက်ပေါက်ရောက်ကြပါတယ်။ မြန်မာနိုင်ငံမှာတောင်ပေါ်ဒေသများနှင့် ရန်ကုန်-ပြည် တစ်ကြော၊ ရန်ကုန်-မန္တလေးကြား၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနသာင်္ရီတိုင်းဒေသကြီးတွေမှာ သဘာဝ အလျောက်ပေါက်ရောက်ကြတယ်။ ကမ္ဘာမှာ မျိုးပေါင်း ၁၃၀ လောက်ရှိပြီး၊ ၁၂မျိုးခန့်ကိုသာဖော်ထုတ် သုံးစွဲလျက်ရှိတယ်။ ဝဥ၏ ရုက္ခဗေဒ အမည်မှာ- Amorphophallus Campanulatus ဖြစ်ပြီး အင်္ဂလိပ် အမည်မှာElephant foot yam (or)white yam (or) Telling potato (or) Konjac တို့ ဖြစ်ကြသည်။ (၂) သဘာဝကပေးတ ဲ့အဖိုးတန် လက်ဆောင်“ဝဥ” · နိုင်ငံတကာမှာ ဝဥကိုခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများအဖြစ် ပုံစံ အမျိုးမျိုးနဲ့ စားသောက်ကြတယ်။ အလှကုန် ပစ္စည်းအနေနဲ့လည်း ထုတ်လုပ်တယ်။ · ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ သဘာဝ လက်ဆောင်ဖြစ်လို့ တိုင်းရင်းဆေးအနေ နဲ့ရောခေတ်မီဆေးဝါး အနေနဲ့ပါ ထုတ်လုပ်ကြတယ်။ · စက်မှု ကုန်ကြမ်းအနေနဲ့လည်း သုံးကြတယ်။ နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားကောင်းလို့ စီးပွားရေးအရလည်း တွက်ခြေ ကိုက်တယ်။ (၃) ဝဥကြိုက်တဲ့ ရာသီဥတုနဲ့ မြေအမျိုးအစား မိုးများပြီး ကာလရှည်ကြာ မိုးရွာသွန်းမှုရှိတဲ့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို ကြိုက်တယ်။ အပင် ကြီးထွားချိန်မှာ မိုးရေချိန် ၆၀ လက်မ ရွာသွန်းပြီး ဖြန့်ကျက် ရွာသွန်းမှုကို ကြိုက်ပါတယ်။ ပျှမ်းမျှ အပူချိန် ၂၅ ဒီဂရီမှ ၃၅ဒီဂရီ စင်တီဂရိတ် အကြား ပူနွေး စွတ်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တယ်။ မြေဆွေးဓာတ် များများပါတဲ့ အစိုဓာတ် ထိန်းအားကောင်းတဲ့ နုန်းမြေမျိုးကို ကြိုက်တယ်။ ရေစီးရေလာမကောင်းတဲ့၊ ရေဝပ်တဲ့မြေကို မကြိုက်ပါဘူး။ မြေအချဉ်အငန်(pH) ၅.၅ မှ ၆.၅ကို ကြိုက်တယ်။ (၄) ကျန်းမာရေးအတွက်ဆေးတစ်ခွက် · ဝဥမှာ အဓိက ပါဝင်တဲ့ Glucomannan ဟာ ကယ်လိုရီ အလွန်နည်းတဲ့အတွက် ခန္ဓာကိုယ် အလေးချိန် ကိုလျော့ချပေးတယ်။ · အမျှင်ဓာတ် ကြွယ်ဝစွာပါလို့ အစာအိမ်နဲ့ အစာလမ်းကြောင်း သန့်ရှင်းစေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်။ · ပိုလျှံ သကြားဓာတ်ကိုလည်း စုပ်ယူ ဖယ်ရှားခြင်းကြောင့် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုအား ကာကွယ်ပေးပါတယ်။ · သဘာဝတောတောင်မြေဆီလွှာအောက်ရှိ ဓာတ်သတ္တုများပျော်ဝင်လျက်ရှိတဲ့ရေကို ၉၀% လောာက် စုပ်ယူထားတာကြောင့် ကိုယ်လက် ကြံ့ခိုင် သန်မာစေတယ်။ (၅) “ဝဥ”စနစ်တကျ စိုက်ပျိုးရအောင် (က) မြေပြုပြင်ခြင်း ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းပြီး ထယ်(၁)လွှာ၊ ထွန်(၂)လွှာ ရပါမယ်။ ပြီးရင် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ရပါမယ်။ (ခ) စိုက်ပျိုးခြင်း တန်းကြား(၄)ပေ၊ ပင်ကြား(၂)ပေ စိုက်ပါ။ တစ်ဧကလျှင် အပင်ပေါင်း (၅၄၄၅)ပင် ဝင်အောင် စိုက်သင့်ပါတယ်။ (ဂ) မြေချခြင်း မိုးဦးရာသီမေလမှာ စတင် စိုက်သင့်ပါတယ်။ ၆ လက်မx၆ လက်မx ၆ လက်မ စိုက်ကျင်းပြင်ပြီး အပေါ်ရံမြေ ၂ လက်မ -၃ လက်မ လောက် မြေဖုံးဖိရုံ စိုက်ပျိုးရတယ်။ မြေကြီးထဲ လွန်စွာ နစ်အောင် မြှုပ်မစိုက်ရပါဘူး။ (ဃ) အပင် ပြုစုခြင်း အညွန့်ထွက်ပြီး၊ မြေပေါ် အပင်ပိုင်း ကြီးထွားလာရင် ပေါင်းသင်၊ မြေဆွ၊ မြေဘောင်လုံးပေးရပါတယ်။ ရေမဝပ်ဖို့ အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အရိပ်မရှိက ၆၀% အရိပ်ရအောင် လုပ်ပေးသင့်ပါတယ်။ (၆) စိုက်ပျိုးဖို့ မျိုး ဘယ်လိုယူမလဲ 1. ၃၀ကျပ်သား အရွယ်ရှိ ဝဥကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း။ 2. ၁ပိဿာခန့်ရှိ ဥများကို ၄စိတ် အညီ ခွဲခြား စိုက်ပျိုးခြင်း။ 3. ဝဥပန်းခိုင်မှ ထုတ်လုပ် ရရှိသော မျိုးစေ့များကို သဲစိုဘောင်ဖြင့် ပျိုးခြင်း။ 4. မြေကြီးထဲရှိ ဝဥမကြီးပေါ်က အဖုများကို ဖဲ့၍ စိုက်ပျိုးခြင်း။ 5. အရွယ်မှ အသီးများကို ပျိုးထောင် စိုက်ပျိုးခြင်း။ (၇) ဘာကြောင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ဖို့ လိုတာလဲ??? · သဘာဝတောထဲမှ တူးဖော် စုဆောင်းခြင်းဖြင့် ဝဥ၏ ဘဝစက်ဝန်း ပျက်စီး၍ မျိုးသုန်းသည်အထိ ကြုံတွေ့နိုင်ပါသည်။ · သဘာဝတောထဲကနေ စုဆောင်းတဲ့ အတွက်ရောင်းတန်းဝင် အဆင့်မီ ဝဥများ လိုသလောက် မရနိုင်ဘူး။ · အချိန်မတိုင်မီ အလုအယက် တူးဖော်ကြလို့ အရွယ်သေးတဲ့ မျိုးဥများ ပါဝင်ပြီး အလေအလွင့် ဖြစ်စေလို့ မြန်မာပြည် အချို့ဒေသတွေမှာ မျိုးသုန်းတဲ့ အန္တရာယ် ကျရောက်နေပါတယ်။ ဒါကြောင့် စိုက်ပျိုး ထုတ်လုပ်ဖို့ လိုပါတယ်။ (၈) တူးဖော် ရိတ်သိမ်းကြစို့ ဆောင်းရာသီ၊ နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မြေပေါ် ပင်ပိုုင်း ညှိုးခြောက်သွားချိန်၌ တူးဖော် ရိတ်သိမ်းရပါတယ်။ ဥများ ထိခိုက် ဒဏ်ရာမရအောင် ဂရုစိုက်ရမယ်။ တစ်ဧက စိုက်ပါက ဝဥ အစို ၁၀တန်( ၅၆၀၀ ပိဿကျော်) မှ၁၅တန်(၈၄၀၀ ပိဿကျော်) ရနိုင်ပါတယ်။ တူးဖော်ပြီး ၃ရက်ထက် ပို၍ အခြောက် မထားသင့်ပါ။ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥခြောက်၂တန်မှ ၃တန် ရနိုင်ပါတယ်။ (၉) အကျိုးအမြတ် တွက်ကြည့်ရအောင် · စတင် စိုက်ပျိုးတာကနေ ရိတ်သိမ်းသည်အထိ တစ်ဧကကိုကျပ်၅သိန်းခန့် ကုန်ကျပါတယ်။ · တစ်ဧကကို ဝဥအခြောက်၂တန် (ပိဿ ၁၁၀၀ခန့်) ထွက်ရှိရင် ကျပ်၁၅.၂သိန်း ပြန်ရနိုင်တာကြောင့် အကျိုးအမြတ် အများကြီး ရနိုင်ပါတယ်။ · နှစ်ရှည်ပင်တွေကြားမှာ ကြားသီးနှံ အနေနဲ့ စိုက်လို့ ရတယ်။ · နောက်နှစ်တွေမှာ မျိုးဖိုးနဲ့မြေပြုပြင်ခတွေလျော့သွားနိုင်ပါတယ်။ မျိုး ထုတ်လုပ်ပြီးရောင်းလို့လည်း ဝင်ငွေ ရနိုင်ပါတယ်။ · မြန်မာပြည်မှာ(၈)မျိုးလောက်ရှိပြီး အဓိက ပါဝင်တဲ့ အဖိုးတန် Glucomannan ပါဝင်မှု များတဲ့ အတွက် အမျိုးအစားကောင်းမွန်လို့ အလားအလာရှိတ ဲ့ပို့ကုန်တစ်ရပ် ဖြစ်ပါတယ်။ ကိုးကား- ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီး ဌာန၊ တိုးချဲ့ပညာပေးရေး ဌာန
ဆက်စပ်မေးခွန်းများ
ဒီအရွယ် ဝဥကိုပြန်စိုက်ရင် ဒီဝဥထက်ပိုကြီးသွားမလား။ဒါမှမဟုတ် ဥအသေး က ပြန်စသလားခဗျာ
ဖြေကြားချက် 3 ခု
ဝဥအပင်ကိုဒီသြဂုတ်လမှာစိုက်လို့ရသေးလားခင်ဗျာ
ဖြေကြားချက် 1 ခု
ဝဥ စိုက်ပျိုးနည်းနှင့် မျိုးဥများ ဘယ်မှာ ဝယ်လို့ရသလဲခဗျ
ဖြေကြားချက် 4 ခု
ဝဥမျိုးစေ့(သို့မဟုတ်)အပင်ကို ဘယ်မှာဝယ်လို့ရနိုင်လည်း မန်းတလေး/ကျောက်ဆည် မှာယ်လို့ရပါသလားခမျာ အပင်စိုက်ချိန်နဲ့...
ဖြေကြားချက် 6 ခု
ဝဥမျိုးစေ့ဘယ်မှာရနိုင်ပါသလည်း
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။