အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
13
လွန်ခဲ့သော ၃ နှစ် က · ဇမ္ဗူသီရိ

ပိန္နဲပင်ပါ အသီးမတင်လို့ပါ

စိုက်ပျိုးနည်း ပိန္နဲ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

မြင်နေရတဲ့ပုံအရ ယိုးဒယားမျိုးအား ကိုင်းကူးဆက်မျိုးပွားထားတဲ့အပင်ကို စိုက်ပျိုးထားတာ မဟုတ်ဘဲ ဒေသမျိုး/ ယိုးဒယား အစေ့ပျိုးပင်အား စိုက်ထားတာလို့ မြင်မိပါတယ်။ အဲဒီအတွက် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရမှာပါ။ ဒေသမျိုးများက 7-10နှစ်အထိ ကြာတတ်ပြီး ယိုးဒယားအစေ့ပျိုးကတော့ 3-5နှစ်အထိ ကြာတတ်ပါတယ်။ သို့ဖြစ်၍ အပင်၌ အရည်အသွေးကောင်းသည့် ကွန်ပေါင်းမြေဩဇာ အား မြေအစိုဓာတ်ရှိချိန်တွင် တစ်ပင်လျင် နိူ့ဆီဘူးတစ်ဘူးနှုန်း ဖြင့် တစ်ရာသီ သုံးကြိမ်ခန့် ကြွေးပါလို့အကြံပြုလိုပါတယ်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

ရှေးနည်း​လေး လုပ်ကြည့်ချင်ရင်။ ကျွန်းသား တထွာခန့် (လက်ညှိုး လုံး​လောက်) အဖျားချွန် ပြီး၊ ပင်စည်ကိုသပ်ရိုက်ပါ။ ပင်စည်​အောင်​ခြေ ၂​ပေ/၃​ပေ.​​လောက်က စပြီး တထွာခြား ရိုက်ပါ။ ပင်စည်ထဲ ဝင်​အောင်ရိုက်တဲ့​နေရာမှာ ပင်စည်ရဲ့အခြား​နေရာ​တွေ မထိမိ​အောင်ရိုက်ပါ။ ၆​ချောင်းခန့် ပတ်လည်ရိုက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။