ဝက်ချေးသီသီး ကို EM နဲ့ရောပြီး မြေဆွေး လုပ်ချင်လို့ပါ။ လုပ်လို့ ရ/မရ၊ ပြီးတော့ EM ဘယ်လောက်ရောသင့်ပါ သလဲ၊ ဖြေ...
ဝက်ချေးသီသီး ကို EM နဲ့ရောပြီး မြေဆွေး လုပ်ချင်လို့ပါ။ လုပ်လို့ ရ/မရ၊ ပြီးတော့ EM ဘယ်လောက်ရောသင့်ပါ သလဲ၊ ဖြေကြားပေးစေချင်ပါတယ်
ဝက်ချေးသီသီး ကို EM နဲ့ရောပြီး မြေဆွေး လုပ်ချင်လို့ပါ။ လုပ်လို့ ရ/မရ၊ ပြီးတော့ EM ဘယ်လောက်ရောသင့်ပါ သလဲ၊ ဖြေကြားပေးစေချင်ပါတယ်
EMဖေျာ်ရည်လုပ်နည်း သိချင်ပါတယ်..
ဒီ ညနေ ပဲ ချေးကို EMနဲ့ ရောစပ်လိုက်ပါပီ၊ အခုမှ သိတော့ မတတ်နိုင် တော့ဘူး၊
အကိုဆူသုံးပါ
ဝက်ချေးထည့်ပြီးသုံးပါ။ အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နိုင်သည့်နည်းများ *********************************************** ဘိုကာရှီ (BOKASHI) ဆိုသည်မှာ အီးအမ် (EM) ကိုလယ်ယာထွက်စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြီး မွေးမြူခြင်းဖြင့်ရရှိလာသော မြေဆွေးဖြစ်သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေးစသည်တို့နှင့် တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေနှင့် အီးအမ် (EM) ဖျော်ရည်တို့ကို ရောမွှေမွေးမြူခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီမြေဆွေး ရရှိပါသည်။ ဘိုကာရှီမြေဆွေးနှင့် ရိုးရိုးမြေဆွေးကွာခြားချက်မှာ ဘိုကာရှီမြေဆွေးတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို အမြန်ဆွေးမြေ့စေပြီး မြေဆီသြဇာ ထက်သန်စေသော အကျိုးပြုအဏုဇီဝများ အီးအမ် (EM) ပိုမိုပါဝင်ခြင်းဖြစ်သည်။ ရိုးရိုးအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း ----------------------------------- (၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း - စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက် တင်လဲရည် ု(၃) ခွက်လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။ (နို့ဆီခွက် (၃) ခွက် = ၁ လီတာ) - အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို အလျား (၆ ပေ)၊ အနံ (၃ ပေ)၊ ထု (၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။ - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် (၃) ဂါလံကို ဖျန်းပေးရပါမည်။ - နွားချေးနှင့်ဖွဲနုရောပြီး (၈) ပြည်ထပ်၍ဖြူးပါ။ - ဤကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ပုံပါ။ - အပေါ်မှ ပလတ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ (သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ - (၄-၅) ရက်ကြာလျှင် မြေဆွေးပုံအတွင်း လက်ဖြင့်စမ်း ကြည့်၍ တအားပူနေလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင် ရေဖျန်းပေးပါ။ - အဖြူရောင်မှိုမျှင်များတွေ့လျှင်ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
Em အပြင်း ကို ပွားထားပါတယ်၊ရလာ တဲ့အရည်ကို ထပ်ပွားလို့ရသေးလား ၊အာနိသင် ကောင်းနိုင်ပါသလား၊
ဖြေကြားချက် 1 ခု
ငှက်ပျောပင်စိုက်ရာတွင် စိုက်ကျင်းအနက်ဘယ်လောက်တူးရမလဲခင်ဗျာ
ဖြေကြားချက် 4 ခု
ငှက်ပျောသီး၊သင်းဘောသီး၊ဖွဲနု၊ကြက်ဥ၊ဆန်ဆေးရည် ၊သကြားညို တွေနဲ့ EM လုပ်ထားတာ။ ရက်စေ့လို့ စစ်ယူတော့ အရည်က အညို...
ဖြေကြားချက် 1 ခု
မိုခါမုန်တိုင်းဟာ ၁၃/၁၄/၁၅ တွေမှာ ပဲခူးတိုင်း(အရှေ့ခြမ်း) ဖြူးမြို့နယ်အပေါ် မည်သို့သက်ရောက်နိုင်ပါသ လဲခင်ဗျ
ဖြေကြားချက် 3 ခု
ငှက်ပျောပင်က။ အဲ့လိုဖြစ်နေတာ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးသင့်ပါသလဲ? ဖြေကြားပေးကြပါဦး.
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။