အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၈ နှစ် က · ရွှေဘို

အသုံးပြုနည်းကို ပြည့်ပြည့်စုံစုံ သိလိုပါတယ် ကူညီပါ

အပင်အာဟာရ စပါး စပါးစိုက်ပျိုးနည်း
Post image
4

ဖြေကြားချက် ၄ ခု

522 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၈ နှစ် က
လွန်ခဲ့သော ၈ နှစ် က

စပါးပင် နိုင်ထရိုဂျင်ဓာတ် လိုအပ်နေမှု၊ ဆာလောင်နေမှုကိုသိရှိရန် စပါးရွက်အရောင်တိုင်း(LCC Leaf Color Chart) ကို အသုံးပြု၍ တိုင်းတာဆောင်ရွက်နိုင်ပါသည်။ စပါးပင်က နိုက်ထရိုဂျင်ဓာတ် လိုအပ်နေမှု၊ ဆာလောင်နေမှုအဆင့်ရှိမှသာယူရီးယားမြေသြဇာကို အဆင့်လိုက် သတ်မှတ်ထားသည့် ပမာဏကိုကျွေးရန် လိုအပ်ပါသည်။ မလိုအပ်ချိန်တွင် မြေသြဇာလုံးဝမကျွေးသင့်ပါ။ စပါးရွက် အရောင်တိုင်းကတ်တွင် နိုက်ထရိုဂျင်ပါဝင်မှုအား အစိမ်းရောင်ခြောက်မျိုးဖြင့် ကိုယ်စားပြုထားပါသည်။အဝါရောင်သန်းနေသော အစိမ်းရောင်ဖျော့ရောင်သည် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု အနည်းဆုံးကို ညွှန်ပြပြီး ယူရီးယားဓာတ်မြေသြဇာ ထည့်သွင်းရန်နှိုးဆော်နေခြင်း ဖြစ်ပါသည်။ အစိမ်းရင့်ရောင်သည် နိုက်ထရိုဂျင်ဓာတ် ပါဝင်မှုအား အများဆုံးကို ညွှန်ပြပြီး ယူရီးယားဓာတ်မြေသြဇာထည့်ရန်မလိုသေးကြောင်း “တား”ထားသည့်သဘောဖြစ်ပါသည်။ လယ်သမားဦးကြီးများသည် မိမိစပါးခင်း၏အရောင်ကို ကွင်းဆင်း၍ အမြဲစစ်ဆေးနေရန် လိုအပ်ပါသည်။ မိမိလယ်ကွင်းထဲသို့ တစ်ပတ်တစ်ကြိမ်ရောက်လျှင် တစ်ဧက စပါးနှစ်တင်းတိုးထွက်နိုင်သည်။ တစ်လ လေးကြိမ်ရောက်လျှင် စပါးရှစ်တင်းတိုးထွက်နိုင်သည်ဟု သုတေသီတို့က ဆိုကြပါသည်။ မိမိလယ်ကွင်းသို့ဆင်းပြီး ယူရီးယားဓာတ်မြေသြဇာထည့်ရန် လိုမလို စပါးအရွက်အရောင်အတိုင်းကတ် အသုံးပြု၍ အဆုံးအဖြတ်ပေးရန် လိုအပ်ပါသည်။ စိုက်ခင်းတွင် စပါးစိုက်ပြီး ၁၄ ရက်အကြာတွင်လည်းကောင်း၊ ကြဲခင်းတွင် မျိုးကြဲပြီး ၂၁ ရက်အကြာတွင် လည်းကောင်းစတင်တိုင်းတာရန် လိုအပ်ပါသည်။ တိုင်းတာသည့်အခါ စပါးစိုက်ခင်းထဲမှ အပင်အကွာအဝေး မျှတညီညာသည့် ဧရိယာမှသန်စွမ်းသည့် စပါးပင် ၁၀ ပင်အား ကျပန်းရွေးချယ် တိုင်းတာရပါမည်။ ၎င်းစပါးပင်၁၀ ပင်မှ အပေါ်ဆုံး ဖွံ့ဖြိုးပြီး စပါးရွက်အား တိုင်းတာရန်ဖြစ်သည်။ အရောင်ခြောက်မျိုးအနက်မှ မည်သည့် အရောင်နှင့်တူညီသည်ကို ကိုက်ညှိတိုင်းတာရန်ဖြစ်ပြီးအရောင်တိုင်းကတ်နှင့် စပါးရွက်ကို ထိမနေစေရန် သတိပြုရပါမည်။ စပါးရွက် ၁၀ ရွက်အနက် ခြောက်ရွက်သည် ကြဲခင်းတွင် အမှတ်စဉ်(၃)ရောင်ထက် ဖျော့နေလျှင် လည်းကောင်း၊ စိုက်ခင်းတွင် အမှတ်စဉ်(၄) အရောင်ထက်ဖျော့နေလျှင် လည်းကောင်း၊ နိုက်ထရိုဂျင်ဓာတ်လိုအပ်နေကြောင်း ဖော်ပြနေသဖြင့် ယူရီးယားဓာတ်မြေသြဇာထည့်ရန် လိုအပ်ပါသည်။ စပါးပင်ပန်းပွင့်သည်အထိ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် အပင်ပွားချိန်၊အနှံသန္ဓေတည်ချိန်၊ ပန်းစပွင့်ချိန်များတွင်တိုင်းတာပြီး နိုက်ထရိုဂျင်ဓာတ် လိုအပ်ချက်ပြပါက ယူရီးယားဓာတ်မြေသြဇာထည့်သွင်းပေးရန် လိုအပ်ပါသည်။ စပါးရွက် အရောင်တိုင်းကတ်ကို အသုံးပြုတိုင်းတာရာတွင် နံနက် ၈ နာရီမှ ၁၀နာရီအတွင်း သို့မဟုတ် မွန်းလွဲ ၂ နာရီမှ၄ နာရီအတွင်း ပုံမှန်တိုင်းတာရန် လိုအပ်ပါသည်။ တိုင်းတာသည့်အချိန်တွင် နေကာမျက်မှန်မတပ်ဆင်မိရန် သတိပြုရပါမည်။စပါးရွက်အရောင်တိုင်းကတ်ဖြင့် တိုင်းတာပြီး နိုက်ထရိုဂျင်ဓာတ်လိုအပ်မှု ညွှန်ပြပါကတစ်ကြိမ်လျှင် ယူရီးယား မိုးစပါးတစ်ဧက၁၅-၂၀ ပေါင်နှုန်း၊ နွေစပါးတစ်ဧက ပေါင်၃၀ နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ ယူရီးယားမြေသြဇာ အသုံးပြုတိုင်း နွားချေးမြေဆွေးနှင့်ရော၍ ကျွေးရန် လိုအပ်ပါသည်။ သို့ပါ၍ ယူရီးယားမြေသြဇာဆုံးရှုံးမှုနည်းစေပြီး စပါးအထွက်နှုန်းတိုးစေရန်စပါးအရွက် အရောင်တိုင်းကတ် အသုံးပြုတိုင်းတာ၍ ယူရီးယားမြေသြဇာ ထည့်သွင်းကြရန် လိုအပ်ပါသည်။

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၈ နှစ် က

ဒီပုံလေးမှာ အပြည့်အစုံရှင်းပြထားပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။