အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,504
လွန်ခဲ့သော ၃ နှစ် က · နမ့်စန်

ဂေါ်ဖီထုပ်စိုက်ပျိုးရာတွင် ကြက်ချေး/နွားချေးဘယ်တစ်ခုကိုထည့်ပေးရင်ပိုကောင်းလဲဗျ စိုက်ပြီး ကြက်ချေးနွားချေးများ...

ဂေါ်ဖီထုပ်စိုက်ပျိုးရာတွင် ကြက်ချေး/နွားချေးဘယ်တစ်ခုကိုထည့်ပေးရင်ပိုကောင်းလဲဗျ စိုက်ပြီး ကြက်ချေးနွားချေးများကိုပင်အောက်လိုက်ထည့်ပေးလို့ရမရသိချင်ပါတယ်ဗျ ကျေးဇူးပြုပြီးဖြေပေးပါ ဂေါ်ဖီထုပ်စိုက်နည်းကိုဖတ်တာမရှင်းလို့မေးရတာပါဗျ

စိုက်ပျိုးနည်း ဂေါ်ဖီထုပ်

ဖြေကြားချက် ၄ ခု

11,500 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

Super Bokashi လုပ်နိုင်ရင်အကောင်းဆုံးပေါ့၊ N:P:K အာဟာရပါဝင်မှုအရ ကြက်ချေးကပိုကောင်းပါတယ်။အော်ဂဲနစ်ပစ္စည်းပါဝင်ကောင်းအောင် သီးနှံစွန်ပစ်ပစ္စည်းများ၊ဆီကြိတ်ဖတ်များ(ပဲဖတ်၊နှမ်းဖတ်၊ဝါစေ့ကြိတ်ဖတ်)အရိုးမှုန့် ၊စက်ဖွဲပြာ၊ဆန်စက်ဘေးထွက်ပစ္စည်းများရောနှောပေးနိုင်ရင် ကောင်မွန်တဲ့အော်ဂဲနစ်မြေဆွေးရရှိပြီးဓါတုမြေဩဇာလျော့သုံးနိုင်ပါတယ်။

2,504 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာ ဖြေပေးတဲ့အတွက်

2,504 လွန်ခဲ့သော ၃ နှစ် က

super bokashi ကိုနွားချေးကြက်ချေးများနှင့်ရောပြီးမြေဆွေးပြုလုပ်ပြီးထည့်ပေးနိုင်ရင်ပိုကောင်းလားဆရာ ပြီးရင် နွားချေးနှင့်ကြက်ချေးဘယ်ဘာပိုကောင်းလဲဗျ ဂေါ်ဖီထုပ်အတွက်

11,500 လွန်ခဲ့သော ၃ နှစ် က

စိုက်ဘောင်ပြုလုပ်ချိန်မှာထည့်ပေးနိုင်ပါတယ်၊ကြက်ချေး၊နွာချေး ဆွေးမြေ့နေဖို့တော့လိုပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ဂေါ်ဖီစိုက်ထားတာ ရွေ့ပြောင်းစိုက်ပီး 1လသားရှိပါပြီခင်ဗျ။မနေ့ညက မိုးကြီးတာ မိုးသီးကျပီး အရွက်တွေ ပေါက်ပြဲကုန်ပါ...

ဖြေကြားချက် 3 ခု

ဂေါ်ဖီထုပ်က စိုက်ပီးဘယ်နှစ်ရက်အကြာမာ အထုပ် စထုပ်တတ်လဲခင်ဗျ။

ဖြေကြားချက် 2 ခု

ဆရာကြီး၊ ဆရာမကြီးများခင်ဗျ စိုက်ပျိုးရေးဆေးပစ္စည်းနဲ့မဆိုင်ပေမဲ့ စိုက်ပျိုးရေးနဲ့ ဆိုင်လို့ မေးပါရစေဗျ ဂေါ်ဖီ...

ဖြေကြားချက် 3 ခု

ဂေါ်ဖီထုပ်ကို ငါးအမိုင်နို ဖြန်းပေးလို့ရလား ဖြန်းမယ်ဆိုရင်ငါးအမိုင်နိုနဲ့ရေအချိုးအစားဘယ်လောက်ရောပြီးဖြန်းပေးရမ...

ဖြေကြားချက် 2 ခု

ဒီထိုင်းနိုင်ငံထုတ် EMက bokashi လုပ်တဲ့နေရာမှာအသုံးပြုတာလားသ်ု့မဟုတ် ရေနဲ့ဖျော်ပြီးအပင်ကိုဖျန်းတဲ့ဟာလားသိချင်...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။