အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
122
လွန်ခဲ့သော ၃ နှစ် က · ပဲခူး

ရုံးပတီပင်အဲလိုအရွက်ဝါနေတာဘာဖြစ်တာလဲ ဘာဆေးသုံးရမလဲ အသီးဖွံ့ဖြိုးမှုလဲတော်တော်နှေးသွားတယ်

ပိုးမွှားရောဂါ ရုံးပတီ
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၃ နှစ် က

ဗိုင်းရပ်စ် ရောဂါဝင်နေတာဖြစ်ပါတယ်ခင်ဗျ - ရောဂါကျနေတဲ့အပင်ကိုနှဒတ်ပီးစိုက်ခင်းနဲ့ ဝေးရာတွင်ပစ်ပါ၊ အပင်တော်တော်များများတွင် ရောဂါလက်ခနာမပြသေးပါက အပင်တွေသိပ်မဝါသေးပါက စုပ်စားပိုးသတ်ဆေးကို (၃) ရက်ခြားဖျန်းပါ ဥပမာ - အစီဖိတ် သို့ အီမီဒါကလိုပရစ် ရောဂါကျပြီးသားအပင်များကတော့ မည်သည့်ဆေးနှင့်ဖြစ်ဖြစ် ပြန်မကောင်းနိုင်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရုံးပတီသီးခင်းမှာ ရွက်ဝါနေလို့ ဘာပိုးကျနေတာလဲဗျ ဘာဆေးဖျန်းရမလဲခင်ဗျ

ဖြေကြားချက် 3 ခု

ရုံးပတီသီးစိုက်ထားတာ တစ်လပြည့်ပါပြီ အပင်သန်ပါတယ် အသီးတော့မသီးသေးပါဘူး အသီးအားကောင်းဖို့တွက် အသီးအားဆေးဖျန်း...

ဖြေကြားချက် 2 ခု

အပင်စပေါက်တုန်းက ဘာမှမဖြစ်ပါဘူးခင်ဗျ..ခုအရွက်အနားတွေခြောက်လာလို့ပါ..နောက်တပင်လည်း​သေသွားလို့ပါ.အပင်ပျိူးတိုင်း...

ဖြေကြားချက် 1 ခု

ဖြုတ်စိမ်းကို ဘယ်လိုနှိမ်နင်းရမလဲရှင့် ဘာဆေးတွေသုံးပေးရမလဲ သိချင်ပါတယ်

ဖြေကြားချက် 2 ခု

ရုံးပတီသီးပင်ဘာလို့ဝါတာလဲဗျ ပိုးကျလို့လား အဝါမျိုးမို့ဝါတာလား အဝါပင်ကဆို အဝါသီးထွက်တယ် အဝါသီးကရောင်းတန်းမဝင်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။