မြေကြီးရဲ့ PH Levelတွေတူညီပီး မြေအမျိုးအစားမတူရင် ထွက်နှုန်းကွာပါသလား။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
မြေအမျိုးစားမတူရင် ထွက်နုန်းကွာနိုင်ပါတယ် ။မြေအမျိုးစားကြိုက်တဲ့ သီးနှံစိုက်မယ်ဆိုရင် ထွက်နုန်းလဲ မလျောနိုင်ပါ။
ကွာမှာပါရှင့် ဘာလို့ဆို PH level တော့တူနေပါရဲ့ မြေဆီဩဇာထက်သန်တဲ့ မြေက ပိုအထွက်ကောင်းမှာပါ ပြီးတော့နောက်တစ်ခုက စိုက်မဲ့သီးနှံ ကြိုက်တဲ့မြေမဟုတ်နေရင်လည်း သီးနှံအထွက်နှုန်းကျနိုင်ပါတယ်။ pH က စိုက်တဲ့သီးနှံအာဟာရပိုစားနိုင်အောင်ပဲ ကူညီပေးပါတယ်။ သူ့ကြောင့်အထွက်နှုန်းပိုကောင်းတာမဟုတ်ပါလို့ ဆရာဦးခင်မောင်လတ်က ဖုန်းဖြင့်ဖြေကြားပေးထားပါတယ်
မြေကြီးထဲမှာ ရှိနေတဲ့အာဟာရချင်း မတူရင် အထွက်နုန်းကွာနိုင်ပါတယ်။ (မြေသြဇာပံ့ပိုးနိုင်ရင်တော့..တမျိုးပေါ့)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘယ်လိုတိုင်းရလဲ၊ဘယ်လိုကြည့်ရလဲ၊မြေဆီလွှာမှာဘာတွေလိုအပ်လဲသိပါရစေခင်ဗျ
ဖြေကြားချက် 4 ခု
pH meter က ဘယ်အမျိုးအစားကောင်းလဲခင်ဗျာ
ဖြေကြားချက် 2 ခု
စပါးသံဆိပ်သင့်ရတဲအကြောင်းရင်းလေးရှင်းပြပေးပါအုံးဆရာခများ
ဖြေကြားချက် 1 ခု
Phတိုင်းစက်ဘယ်မှာဝယ်လို့ရလည်းစျေးဘယ်လောက်ရှိလည်းကျေးဇူးပါ
ဖြေကြားချက် 2 ခု
မြေဆီလံာဓါက်အကြောင်သိချငမလို့ p2o5 n k2o6
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။