ဆရာတို့ခင်ဗျာ့ ဂျိုးလည်ပျောက် ခရမ်းခင်း အပင်သက်တမ်းလေးလကျော်ပါပီခင်ဗျာ့ ခရမ်းမစိုက်ခင် အရင်က ထိုမြေနေရာမှာ သ...
ဆရာတို့ခင်ဗျာ့ ဂျိုးလည်ပျောက် ခရမ်းခင်း အပင်သက်တမ်းလေးလကျော်ပါပီခင်ဗျာ့ ခရမ်းမစိုက်ခင် အရင်က ထိုမြေနေရာမှာ သပြေခြံ ၅နှစ်လောက်စိုက်ခဲ့တဲ့မြေပါ သပြေခင်းကိုတူးပစ်ပီး ချက်ချင်းဆိုသလို ပန်းမုံလာစိုက်ပါတယ်(သဘာဝမြေသြဇာ နွားချေး မလွယ်ကူခဲ့တာကြောင့် မထည့်ခဲ့ရပါဘူးခင်ဗျာ့ သပြေရွက်ခြောက်လောက်သာပါခဲ့ရပါတယ်) ပန်းမုံလာခင်းထဲမှာထဲက ခရမ်းပင် သီးညှပ်သဘောကပ်ထားလိုက်တာ မုံလာအပီးမှာ ခရမ်းခင်းဖြစ်လာပါတယ်ခင်ဗျာ့ ခရမ်းခင်းစတင်ကိုင်တွယ်ပီးဆိုကထဲက ၁၅ပတ်လည်မြေဆီ ၁လုံး နောက် ၁၅ရက်/၁လခြား တစ်လုံးစီ(စုစုပေါင်း၃လုံး)နဲ့ အပင်အခြေအနေထင်သလောက်ဖြစ်ထွန်းမလာခဲ့တာကြောင့် ပုလဲမြေဆီ (၁ခါကျွေး၁လုံး)၂ခါကျွေးပီးပါပီဗျာ့(မြေအကျယ်အဝန်းက ၀.၆ဧကဘဲရှိပါတယ်) စုစုပေါင်းမြေဆီ၅လုံးခန့်ကျွေးခဲ့ပီးသည့်တိုင် အပင်မှာထင်ခြေမပေါက်ဘဲ အာနိသင်ပြတယ်ဆိုယုံလေးစိမ်းလာပီး ခပ်ကျစ်ကျစ်ဖြစ်နေပါတယ် အပင်အသေအပျောက်ရောဂါတော့မရှိပါဘူးဗျာ့ မြေဆီအလုပ်မလုပ်သည့်ပုံစံထင်ပါတယ်ဗျာ့ သဘာဝမြေဆွေးမသုံးခဲ့ရလို့ ထင်ပါတယ် ဒါကြောင့် ယခု အချိန်ရောက်မှ ခရမ်းရေသွင်းမြောင်းထဲ/ဘောင်ပေါ် တို့ကို ဆိတ်ချေးလိုက်ဖြန့်ပီးဘောင်ပေါက် ရေသွင်း လုပ်ရင်မှားနိုင်သလားဗျာ့
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၂၀ ရက်