စပါးရွက်ကျောတွေဖြူပီး အသစ်ထွက်လာတဲ့ အရွက်တွေပါဖြူကုန်လို့ ပိုးသတ်ဆေးဖျန်းရမလား၊ မှိုသတ်ဆေးဖျန်းရမလားဗျ။
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
သက်ကြီးဘေးကြားပါ။ဖြစ်နေကျ ပါ။ ပြန်ကောင်းပါတယ်။
ဒီဘက်ဒေသမှာတော့ ရွှေဘိုကြီးလို့ခေါ်ပါတယ် သက်တမ်းက၆လစပါးပါ
ပေါ်ဆန်းဘေးကြား မျိုးထင်တယ်.. အပင်ကြီးလာတာနဲ့အမျှ..နေရောင်ခြည်နဲ့ ဓါတ်ပြုပြီးအလိုလို. ပြန်စိမ်းပါတယ်
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ(BLB)လို့ ယူဆရပါတယ်။ လေ၊မိုးရေ၊သွင်းရေ၊မုန်တိုင်းအားဖြင့်အဓိကပြန့်နှံ့ပါတယ်။ စပါးမျိုးစေ့၊ကောက်ရိုး၊ရိုးပြတ်၊လမိုင်း၊ပေါင်းမြက်များမှလည်း ခိုအောင်းကူးစက်တတ်ပါတယ်။ ပုလဲမြေဩဇာ လွန်ကဲစွာသုံးရင်တော့ ရောဂါပိုမိုပြင်းထန်တတ်ပါတယ်။ ပုလဲမြေဩဇာကို လွန်ကဲစွာအသုံးမပြုပဲ တီစူပါ၊ပိုတက်ရှ် စသည်တို့နှင့် ရောအသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ရောဂါကုသချင်ရင်တော့ နီးစပ်ရာ စိုက်ပျိုးရေး၀န်ထမ်းများနှင့် တိုင်ပင်ပြီး ကာဆူဂါမိုက်စင် နှင့် ကော့ပါး ပါ၀င်သောဆေးများ အသုံးပြုလို့ရပါတယ်
ဆက်စပ်မေးခွန်းများ
စပါးဘက်တီးရီးယားအနှံခြောက်ရောဂါက စပါးအရွက်မှာဘယ်လိုလက္ခဏာပြပါသလဲဗျ။
ဖြေကြားချက် 1 ခု
စပါးဘက်တီးရီးယား အနှံခြောက်ရောဂါကျ ရင်ဘယ်လိုဆေးအမျိုးအစားကိုဖျန်းရမလဲ။
ဖြေကြားချက် 6 ခု
ရက်90စပါး 2လသားရှိပါပြီ ဘာဖြစ်တာလဲခင်ဗျာ ပြောပြပေးပါ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 4 ခု
ဆရာသမားတို့ဖြေပေးပါဦးနော် အကွက်လိုက်အကွက်တွေအဖျားခြောက်နေလို့ ဆေးညွှန်းပေးပါဦးနော် ဘက်တီးရီးယားရွက်ခြောက်လား...
ဖြေကြားချက် 6 ခု
ဘာဆေးဖျန်းရမလဲဆရာတို့ခွံဝါတောင်ပျံတောအရွက်တေခြောက်ပြီးအလို့ဖြစ်နေပါတယ်ဗျကူညီကြပါဦးဆရာသမားတို့
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။